Main menu

Background

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

Fri, 09/11/2026 - 14:35 -- journal_editor

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/ ၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၀ ရက်က နေပြည်တော် ရုံးအမှတ်-၃ အစည်းအဝေးခန်းမ-၁ ၌ ကျင်းပရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး  ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ 
ဗဟိုကော်မတီဥက္ကဋ္ဌက  အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ တိုးတက်ကောင်းမွန်စေရေးအတွက် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင် နေကြောင်း၊ ကော်မတီအနေနှင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပို့ကုန်များနှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး အထူးအလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက်ထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ရေး၊  စက်သုံးဆီ၊ စားသုံးဆီများ အဆင်ပြေချောမွေ့စွာဖြန့်ဖြူးရေး၊ CMP လုပ်ငန်းများ တိုးမြှင့်‌ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်ပြီး ကြန့်ကြာမှုမရှိရေးတို့အား ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကုန်သွယ်မှုနှင့်ကုန် စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအုံက  ဖြည့်စွက်ဆွေးနွေးပြီး   နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေးဗဟိုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။                       
MOC (IR)