မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ သြဂုတ်လ စတုတ္ထပတ်ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
နှမ်း
နှမ်းနီတစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၅၁၀ဝ၀၊ နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ် ၁၈၈၀ဝ၀၊ နှမ်းညိုကျားတစ်တင်းလျှင် ကျပ် ၁၄၃၅၀ဝ ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနီ ကျပ် ၃၀ဝ၀၊ နှမ်းဖြူ ကျပ် ၁၀ဝ၀၊ နှမ်းနက်(စမုန်) ကျပ် ၈၀ဝ၀၊ နှမ်းညိုကျား ကျပ် ၁၅၅၀ဝဈေးမြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေး မြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ ၅၀ဝ၀၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ ၅၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၇၀ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ကုလားပဲ
ကုလားပဲJ(HL)တစ်တင်းလျှင် ကျပ် ၇၅၅၀ဝ နှင့် ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၈၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ 929 ကျပ် ၃၀ဝ ဈေးမြင့်တက်လာကြောင်း၊ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီးတန်ချိန်အားဖြင့် တန် ၁၅၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲစင်းငုံ
ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ယခုအချိန်တွင်ဒေသတွင်း၌ ပဲစင်းငုံ စိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ပဲများသာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၁၀ဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ်အတွင်းမကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၇၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အား ဖြင့် တန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၃၅၀ တင်ပို့ခဲ့ပြီး တန်ချိန်အား ဖြင့် တန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
ရဲမင်းသာ (မကွေး)
