ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့်လိုအပ်သည့်စက်ပစ္စည်းများဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရစက်ပစ္စည်းများဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါကစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်သို့ဖြစ်စေ၊ ဖုန်းနံပါတ်ဝ၆၇-၃၄၀၈၃၉၅ နှင့် ဝ၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးဖော်ပြထားသည်။
ကိုတိုး
