Main menu

Background

ထိုင်းနိုင်ငံRatchaburi ပြည်နယ်ထွက် သံပရာသီးနှင့် သရက်သီးများဒေသဆိုင်ရာ ထုတ်ကုန်အသစ်အဖြစ်သတ်မှတ်ခံရ

Fri, 09/18/2026 - 14:56 -- journal_editor

ထိုင်းနိုင်ငံ  Ratchaburi ပြည်နယ်၏ ထူးခြားသည့် စိုက်ပျိုးရေးထွက်ကုန်နှစ်မျိုးဖြစ်ကြသောDamnoen Saduak သံပရာသီးနှင့်Nam Dok Mai ပြည်နယ်ထွက်Nam Dok Mai သရက်သီးတို့ကို ဒေသဆိုင်ရာအညွှန်း  (Geographical Indication - GI) ထုတ်ကုန်အသစ်များအဖြစ် သတ်မှတ်ခံရပြီ ဖြစ်ကြောင်း သိရှိရသည်။
GI အဖြစ် အသိအမှတ်ပြုခြင်းသည် ပြည်နယ်စိုက်ပျိုးထွက်ကုန်များ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုစံနှုန်းများကို  အားဖြည့်ပေးကြောင်း၊  GI မှတ်ပုံတင်ခြင်းသည် ထုတ်လုပ်သူအသိုင်းအဝိုင်းများ၏ အခွင့်အရေးများကို ကာကွယ်ပေး ခြင်း၊ ထုတ်ကုန်တန်ဖိုးကိုမြှင့်တင်ပေးခြင်းနှင့်ဝင်ငွေရရှိရန် နောက်ထပ်အခွင့်အလမ်းများဖန်တီးပေးခြင်းတို့အပြင် ရေရှည်တည်တံ့သောဒေသခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း  အထောက်အကူပြုကြောင်းသိရှိရသည်။
Damnoen Saduak  သံပရာသီးနှင့်Ratch- aburi ပြည်နယ်ထွက်Nam Dok Mai သရက်သီးတို့ကို မှတ်ပုံတင်ခြင်းသည် Ratchaburi ပြည်နယ်၏ GI ထုတ်ကုန်  စုစုပေါင်းအရေအတွက်ကို ရှစ်ခုအထိရောက်ရှိစေကြောင်း၊ ယခင်ရှိပြီးသားထုတ်ကုန်ခြောက်မျိုးမှာ Ratchaburi  ပြည်နယ်ထွက် နဂါးရုပ်ပုံထွင်းထုထားသည့် ရိုးရာမြေထည်၊Bang Chang ခရိုင်ထွက် ငရုတ်သီး၊ Photharam ခရိုင်ထွက် မုန်လာဥခြောက်၊ Bang Phae ခရိုင်ထွက် ရေချိုပုစွန်တုပ်ကြီး၊ Ban Kha ခရိုင်ထွက်နာနတ်သီးနှင့် Ratchaburi ပြည်နယ်ထွက်အုန်းမွှေးတို့ဖြစ်ကြောင်း၊ Auramon ၏ပြောကြားချက်အရအဆိုပါGIထုတ်ကုန်ရှစ်မျိုးသည် ၂၀၂၅ ခုနှစ်တွင် ပြည်နယ်အတွက် ဘတ် ၈ ဒသမ လ၅၃ ဘီလီယံကျော်စီးပွားရေးတန်ဖိုးကို ဖန်တီးပေးခဲ့ကြောင်း သိရှိရသည်။
Damnoen Saduak  သံပရာသီးသည် နှစ်ရှည်လများတည်ရှိခဲ့သော သံပရာမျိုးကွဲဖြစ်ပြီး ၎င်း၏ထူးခြား၍ လုံးဝန်းသောပုံသဏ္ဌာန်၊ အခွံပါး ခြင်းနှင့် ချောမွေ့တောက်ပြောင်သော မျက်နှာပြင် တို့ကြောင့် လူသိများကြောင်း၊ အသီးကို  လှိမ့်ခြင်းသို့မဟုတ်ညှစ်ခြင်းပြုလုပ်သောအခါ ရနံ့ပြင်းကိုထုတ်လွှတ်ပေးပြီးအဆိုပါရနံ့သည် လက်ပေါ်တွင် ကြာရှည်စွာတည်ရှိနေကြောင်း၊ သံပရာသီး၏အသားမှာ ကြည်လင်ဖြူစင်ပြီး အစေ့နည်းပါးကာအရည်ရွှမ်းပြီးချဉ်သော်လည်း မခါးသည့် အရသာနှင့် ထူးခြားသောရနံ့ကို ပေးစွမ်းကြောင်းသိရှိရသည်။
အဆိုပါအချက်များသည် စိုက်ပျိုးရေးဆိုင်ရာ အသိပညာနှင့်မျိုးဆက်ပေါင်းစုံလက်ဆင့်ကမ်းဖြတ်သန်းလာသော တောင်သူများ၏ အတွေ့အကြုံများနှင့်ပေါင်းစပ်လိုက်သောအခါDam- noen Saduak သံပရာသီးကို ထိုင်းနိုင်ငံ၏အသိ အမှတ်ပြုခံရသည့် အရည်အသွေးမြင့် သံပရာသီးများထဲမှ တစ်မျိုးအဖြစ် နေရာရရှိစေခဲ့ကြောင်း၊ အဆိုပါထုတ်ကုန်သည် တစ်နှစ်လျှင် ဘတ် ၇၁၆ သန်းကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးလျက်ရှိကြောင်း သိရှိရသည်။
Ratchaburi  ပြည်နယ်ထွက်Nam Dok Mai သရက်သီးတွင်f Nam Dok Mai Si Thong ရက်မျိုးကွဲနှင့်Nam Dok M နံပါတ်(၄)သရက် မျိုးကွဲ နှစ်မျိုးစလုံးပါဝင်ပြီး ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများမှ လူကြိုက်များသည့် အသီးဖြစ်ကြောင်း၊ အဆိုပါသရက်သီးသည် ရှည်မျောမျောပုံသဏ္ဌာန် ရှိကာ  အစေ့၏  အဖျားဘက်တွင်  ကျယ်ဝန်း၍ အဝိုင်းပုံဖြစ်ပြီးအဖျားဘက်သို့  သွယ်လျသွားကြောင်း၊ အဆိုပါ သရက်သီးသည် ပါးလွှာသော်လည်း ခံနိုင်ရည်ရှိပြီး ချောမွသောအခွံပါရှိကာ အသီးမှည့်ချိန်တွင် ဆွဲဆောင်မှုရှိသော အဝါရောင်သို့ ပြောင်းလဲသွားကြောင်း သိရှိရသည်။
သရက်သီး၏ အသားမှာမာကျောပြီးချောမွေ့နူးညံ့ကာအမျှင်မပါကြောင်း၊ အရောင်အသွေးညီညာပြီးအရသာမှာလည်းမွှေးကြိုင်ချိုမြိန်၍အစေ့မှာပါးလွှာပြီးပြားချပ်ကြောင်း၊ အဆိုပါဝိသေသလက္ခဏာများသည် သရက်စိုက်ပျိုးရန် သင့်လျော်သော ပထဝီအနေအထားနှင့်ရာသီဥတုအခြေအနေများအပြင် ဒေသခံတောင်သူများ၏ သရက်ခြံအုပ်ချုပ်မှုနှင့် သီးနှံပြုစုစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များက Ratchabur iRatchaburiသရက်သီးများကို အရည်အသွေး တစ်သမတ်တည်းရှိစေရန်နှင့် တစ် နှစ်ပတ်လုံး  ထုတ်လုပ်နိုင်စေရန် အထောက်အကူ ပြုကြောင်းသိရသည်။    
ြော ီသု ြငေ သရက်သီးများသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အလယ် ပိုင်းနှင့်  ဥရောပသမဂ္ဂ  အပါအဝင် နိုင်ငံရပ်ခြား ဈေးကွက်အများအပြားတွင် တင်ပို့ရန် အလား အလာရှိကြောင်း၊ သရက်သီး တင်ပို့မှုမှ တစ်နှစ် လျှင် ဘတ် ၁၆၆ သန်းကျော် စီးပွားရေး တန်ဖိုးကို ဖန်တီးပေးကြောင်း သိရှိရသည်။
ထိုင်းမူပိုင်ခွင့်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Auramon က Giမှတ်ပုံတင်ပြီးနောက်ပိုင်းတွင် မူပိုင်ခွင့်ဦးစီးဌာနသည် ပြည်နယ်နှင့် သက်ဆိုင်ရာ အေဂျင်စီများနှင့်  ပူးပေါင်း၍ အောက်ပါတန်ဖိုး ကွင်းဆက်တစ်လျှောက် GI အကာ အကွယ်၏ အကျိုးကျေးဇူးများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ၎င်းတို့မှာ  ထုတ်လုပ်မှု စံနှုန်းများ ထိန်းသိမ်းခြင်း၊ ဒေသခံ  အမှတ်တံဆိပ်များနှင့် ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စား သောက်ကုန်လုပ်ငန်းတွင်Auramon ပါဝင်ပစ္စည်းများကို မြှင့်တင်ခြင်း၊ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာ အသိပညာကို  အခြေခံသည့်  ထူးခြားသော ခရီး သွားလုပ်ငန်းနှင့် တီထွင်နိုင်စွမ်းရှိသော စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြား ဈေးကွက်များကို တိုးချဲ့ခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များသည်Ratchaburi  ပြည်နယ်ထွက် GI ထုတ်ကုန်များ၏တန်ဖိုးကို ထပ်မံမြှင့်တင်နိုင်ရန်၊ ဝင်ငွေပိုမိုတည်ငြိမ် စေရန်နှင့် ရေရှည်တွင် ပြည်နယ်၏ ရပ်ရွာစီးပွား ရေးကို အားကောင်းစေရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
Phyo Thiri Mon (DOCA)
Source: The Nation Thailand, 
14 August 2026