
တာချီလိတ်ခရိုင်၊ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ထွက်ရှိ သော ရော်ဘာများ၊ သတ္တုကုန်ကြမ်းများအား တိုးမြှင့် တင်ပို့နိုင်ရေး အစည်းအဝေး ကို စက်တင် ဘာလ ၂၃ ရက် နေ့လည် ၂နာရီအချိန်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တာချီလိတ် ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းဇော်မှ တာချီလိတ် ကုန်သွယ်ရေးစခန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လျာထားချက်အပေါ် ကုန်သွယ်မှုအမှန်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ ရော်ဘာ၊ ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ထောပတ်သီး ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်း ( ဆိတ်အရှင် ) တင်ပို့နိုင်ခဲ့မှု အခြေ အနေ များကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီးညွှန်ကြားရေးမှူးက ရော်ဘာအကြောင်း သိကောင်းစရာအနေဖြင့် ကမ္ဘာ့ရော်ဘာစိုက်ပျိုးမှု၊ မြန်မာနိုင်ငံအတွင်း ရော်ဘာ စိုက်ပျိုးမှု ၊ ရော်ဘာမှ ထုတ်လုပ်နိုင်သည့် အမျိုးအစားများဖြစ်သည့် RSS, MSR , Latex Concentrate များအကြောင်း၊ RSS 1,2,3,4,5 များ၏ အမျိုးအစားအလိုက် အရည်အသွေးများ၊ အသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး MSR 10/ MSR 20 များ၏ အရည်အသွေးအဆင့် ခွဲခြားပုံ ၊ စျေးကွက်အခြေအနေ ၊ ပြည်ပဝယ်လိုအားနှင့် စျေးနှုန်းသတ်မှတ်ချက်များကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ နှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှုအခြေအနေများ၊ ကျိုင်းလပ် ကုန်သွယ်ရေးစခန်းနှင့် ပို့ကုန်သွင်းကုန်ရုံး (ကျိုင်းတုံ) မှ ရော်ဘာများ တင်ပို့နိုင်ခဲ့ မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်များ ခွင့်ပြုထုတ်ပေး နေမှုများနှင့် ထုတ် ပေးလျက်ရှိသည့်နေရာများနှင့် ပို့ကုန်ရငွေများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဥပဒေနှင့် ညွှန်ကြားချက်များ၊ မြန်မာကျပ်ငွေဖြင့် လဲလှယ်သုံးစွဲခွင့် ဖြေလျော့ဆောင်ရွက်ခဲ့မှု အဆင့်ဆင့် ၊ လုပ်ငန်းစဉ်များ ၊ အရေးယူဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဌာနများက ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း
