Main menu

Background

ပွက်သားများစဝင်လာလို့ သကြားဈေးနှုန်းကျဆင်း

Wed, 12/08/2010 - 04:43 -- Anonymous (not verified)

 ပွက်သားများစဝင်လာလို့ သကြားဈေးနှုန်းကျဆင်းဘ             နိုဝင်ဘာလကုန်ပိုင်းက ပွက်သားများစတင်ဝင်လာလို့ လက်ကျန်သကြား ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ လတ်တလော မြတောင်၊ ထီးချိုင့်မြို့နယ်မှ ပွက်သားပိဿာချိန် ၂ သောင်းကျော် စတင်ဝင်လာပြီး နောက်ပိုင်းမှာ ဗန်းမော်၊ ကသာ၊ ကြာညှပ်၊ တကောင်းမြို့နယ်များမှ တဖြည်းဖြည်းဝင်ရောက်မှာ ဖြစ်လို့ လက်ကျန် သကြားဈေးနှုန်း ထပ်မံကျဆင်းလာနိုင်ကြောင်းသိရပါတယ်။ မန္တလေးမြို့သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌက 'ဒီနှစ်အထွက်နှုန်း ပိုနိုင်တယ်။ စိုက်ဧက ၄ သိန်းကျော်မှာ သကြားတန်ချိန် ၇ သိန်းနဲ့ ၈ သိန်းကြား ဝင်ရောက်နိုင်လို့ ပြည်တွင်းစားသုံးမှုလည်း ပိုနိုင်တယ်။ လောလောဆယ် သကြားအသစ်စဝင်နေတာဆိုတော့ မုန့်သမားလောက်ပဲ အသုံးရှိ ပါသေးတယ်။ တဖြည်းဖြည်းနဲ့ အသစ်ဝင်လာပြီဆိုတော့ လက်ကျန် လှောင်လက် သမားတွေက ဈေးချရောင်းနိုင်တယ်'လို့ ပြောပါတယ်။ သကြားနဲ့သကာရည် (ပွက်သား) ဈေးနှုန်းမှာ ဒီဇင်ဘာ ၂ ရက်က ပွက်ရည်တစ်ပိဿာလျှင် ၈၃ဝ ကျပ်၊ ၈၅ဝ ကျပ်၊ သကြားတစ်ပိဿာလျှင် ၁၅၂ဝ ကျပ်၊ ၁၅ဝဝ ကျပ်၊ ၁၄၈ဝ ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။                                                                                               ဇူးဇူး