ပဲစင်းငုံအသစ်ဝင်လာတော့မှာမို့ မန္တလေးဈေးကွက်မှာ အဟောင်းဈေးနိမ့်လာ မန္တလေး ဈေးကွက်မှာ ပဲစင်းငုံလက်ကျန်ရှိသူများက ပစ္စည်းအဟောင်း၊ အသစ် လဲချင်တဲ့အတွက် ရောင်းအားများခဲ့ပြီး၊ ပဲခွဲစက်များ အဝယ်ရှိကာ ခွဲခြမ်းအဖြစ် ရောင်းဝယ်တင်ပို့မှုများရှိကြောင်း သိရပါတယ်။ ရောင်းလိုအားက ပိုများတာကြောင့် ပဲစင်းငုံ ၃ တင်းတစ်အိတ်ကို ယခင် နိုဝင်ဘာနောက်ဆုံးပတ်က ၄၄၅ဝဝ ကျပ်၊ ၄၅ဝဝဝ ကျပ်ဈေးရှိရာမှ ယခု ဒီဇင်ဘာပထမပတ်အတွင်းမှာ ၄၁၅ဝဝ ကျပ်၊ ၄၂ဝဝဝ ကျပ်ထိ ဈေးနိမ့်လာတာကို တွေ့ရပါတယ်။ လတ်တလောမှာ ဈေးကွက်ကို ကျောက်ပန်းတောင်း၊ မကွေး၊ အောင်လံနဲ့ ရေနံချောင်း ဒေသများက ပဲစင်းငုံအသစ်များ နမူနာအနေနဲ့ အနည်းငယ်သာ ဝင်ရောက်နေကြောင်း သိရပြီး ဒီဇင်ဘာလကုန်ပိုင်းမှာမှ အဝင်လှိုင်လာမယ်လို့ ကုန်စည်ဒိုင် သတင်းအရ သိရပါတယ်။ သက်သက်နိုင်
Background