Main menu

Background

ပြည်ပဲတီစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း

Sun, 12/12/2010 - 05:12 -- Anonymous (not verified)

 ပြည်ပဲတီစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း            ပြည်ဈေးကွက်အတွင်း ယခုဒီဇင်ဘာဒုတိယပတ်မှာ ယခင်အပတ်ကထက် ပဲတီစိမ်းများ အဝင်များလာခဲ့ ပါတယ်။ တစ်ရက်ကို အိတ် ၁၅ဝဝ နီးပါးအဝင်ရှိခဲ့ပြီး၊ ဈေးနှုန်းကတော့ တဖြည်းဖြည်းကျဆင်းနေတာကိုတွေ့ရ ပါတယ်။ နိုဝင်ဘာလ အတွင်း ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ၃ဝဝဝဝ ကျပ်ထိ ဈေးကောင်းခဲ့ပြီး ဒီဇင်ဘာ လဆန်းမှစ၍ ပဲတီစိမ်းများ အဝင်များလာသလို မိုးပဲတီစိမ်းလက်ကျန်များလည်းရှိခဲ့တာကြောင့် ဈေးကျသွားကြောင်း သိရပါတယ်။ ၎င်းပဲတီစိမ်း လက်ကျန်များမှာ အရည်အသွေးပေါ်မူတည်၍ တစ်တင်းလျှင် ၁၈ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ ယခုဝင်ရောက်လာသော ပဲတီစိမ်း အသစ်များမှာ တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၁၅၅ဝ ခန့် တင်ပို့ခဲ့တယ်လို့သိရပါတယ်။ အိရွှေစင်