Main menu

Background

အရည်အသွေးအလိုက် တင်ပို့မှုအားကောင်းနေတဲ့ မန်းပဲတီစိမ်း

Sun, 12/12/2010 - 05:14 -- Anonymous (not verified)

အရည်အသွေးအလိုက် တင်ပို့မှုအားကောင်းနေတဲ့ မန်းပဲတီစိမ်း              မန်းဈေးကွက်အတွင်း ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ပါ ဝယ်ယူတဲ့အတွက် ရောင်းဝယ်အားအေးမသွားဘဲ ဖြေးဖြေးမှန်မှန် အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေက ဈေးမာနေပြီး အရည်အသွေးနိမ့်ပစ္စည်းတွေကတော့ ပစ္စည်းပေါ်မှာ မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့် အလိုက် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက် အတွင်းသို့ မကွေး၊ အောင်လံဒေသများမှ ထွက်ရှိတဲ့ ပဲတီစိမ်းများ ဝင်ရောက်မှုရှိနေပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၁၁ ကျပ်၊ တစ်တန် ၉၂၅၃ဝဝ ကျပ်၊ လတ်စ တစ်ပိဿာ ၁၃၆၉ ကျပ်၊ တစ်တန် ၈၃၈၃ဝဝကျပ်၊အနိမ့်တစ်ပိဿာ ၁၁၅၆ကျပ်၊ တစ်တန် ၇ဝ၇၉ဝဝ ကျပ်ဈေးရှိပြီး ဈေးကွက် အတွင်းမှာ ပဲတီစိမ်းဟာ ရောင်းဝယ်အားအကောင်းဆုံးသီးနံှဖြစ်ပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၁၁၃ဝ တန်၊ ရန်ကုန်သို့ ၆၂ဝ တန်တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်း ဈေးတက်လိုက်ကျလိုက်ဖြစ်နေပေမဲ့ ရောင်းဝယ်အား ကောင်းနေဆဲ ဖြစ်တယ်လို့ ကုန်သည်များထံမှ သိရပါတယ်။ ကျော်ကျော်မိုး