Main menu

Background

ပဲလွန်းဖြူ၊ ပဲလွန်းပြာ အသစ်များ မုံရွာဈေးကွက်ဝင်ပြီ

Sun, 12/19/2010 - 06:29 -- Anonymous (not verified)

ပဲလွန်းဖြူ၊ ပဲလွန်းပြာ အသစ်များ မုံရွာဈေးကွက်ဝင်ပြီ            စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ စစ်ကိုင်း၊ မြောင်မြို့နယ်များမှာ ပဲလွန်း အများဆုံး စိုက်ပျိုးပါတယ်။ ယခုအချိန်က ဆောင်းပဲလွန်း စိုက်ချိန် ဖြစ်သလို မိုးပဲလွန်းပေါ်ချိန်ဖြစ်ပါတယ်။ ပဲလွန်းပြာကို အများဆုံးစိုက်ပျိုးကြောင်း သိရပါတယ်။ ချောင်းဦးမြို့နယ် ကျောက်ရစ်ရွာနဲ့ အလွေရွာများမှ ပဲလွန်းဖြူများ၊ ကနီမြို့နယ် ယာကြီး၊ တောင်ပေါက်ရွာများမှ ပဲလွန်းပြာများ၊ မုံရွာမြို့ကို တစ်ရက် ပျမ်းမျှတင်း ၅ဝဝ ကျော် ဝင်ရောက်ပါတယ်။ ရန်ကုန် လက်လီသမား ဝယ်လက်များ အဆွဲ များတယ်လို့ သိရပါတယ်။ ပေါက် ဈေး နှုန်းများအနေနဲ့ ပဲလွန်းဖြူ၊ ပြာ တစ်ပိဿာ ဈေး ဒီဇင်ဘာ ၁ ရက်နေ့မှာ ၁၂၃၇ ကျပ်မှ ၉ ရက်နေ့မှာ ၁၂၈ဝ ကျပ်သို့ တက်သွားပြီး ၁၃ ရက်နေ့မှာ ပဲလွန်းဖြူ ၁၁၅၈ ကျပ်၊ ပဲလွန်းပြာ ၈၉၅ ကျပ်သို့ ကျသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ တင်း ၇ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                   သန်းးသန်းးတင်