အရည်အသွေးကောင်းရင် ဈေးကောင်းရနေတဲ့ မန်းပဲတီစိမ်း မန်းဈေးကွက်တွင် ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်တဲ့ ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံ ဒေသများမှ ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုရှိသလို ဝင်ရောက်လာတဲ့ ပဲတီစိမ်းအသစ်များဟာ ဈေးကွက်အတွင်း ရောင်းဝယ် နေကြတဲ့ ပဲတီစိမ်းအဟောင်းထက် ပစ္စည်းအရည်အသွေးကောင်းနေတာကြောင့် ဈေးမာနေတာကို တွေ့ရပါတယ်။ ပစ္စည်း အရည်အသွေးကောင်းရင် တရုတ်ဝယ်လက်ဆွဲအားကောင်းသလို ရောင်းဝယ်အားကလည်း ဆက်ပြီး ကောင်းနေမယ်။ ယခု ဆိုရင် အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေရောင်းဝယ်မှုအေးနေတယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောကြားပါတယ်။ ယခင်တစ်ပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၁၁ ကျပ်၊ တစ်တန် ၆၂၅၃၂ဝ ကျပ်၊ လတ်စ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃၁ဝ ကျပ်၊ အောက်စ ၁၁၅၆ ကျပ်၊ တစ်တန် ၇ဝ၇၉၂ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၂ဝ ကျပ်၊ တစ်တန် ၉၃ဝ၈ဝဝ ကျပ်၊ လတ်စ တစ်ပိဿာ ၁၂၄၄ ကျပ်၊ တစ်တန် ၇၆၁၈ဝဝ ကျပ်၊ အောက်စ ၉၇၅ ကျပ်၊ တစ်တန် ၅၉၈၉၁ဝ ကျပ်ဈေးတို့ဖြင့် ထိပ်စ ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ ၈၇ဝ တန်၊ ရန်ကုန်သို့ ၂၉ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
Background