ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျ ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) နဲ့ (SQRC) သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံက အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ပူနစ်တန်ဖိုးဈေးပြန်မြင့်လာပေမယ့် အိနိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးကျနေတာကိုအကြောင်းပြပြီး ေျးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၇၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၇၁၀၀၀၀ ကျပ်အတွင်း တန် ၃၀၅၉ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (SQRC) ကိုလည်း ပြည်ပတင်ပို့၇န် ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးနှိမ်ပြီး အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၈၃၀၀၀ ကျပ်အတွင်း တန် ၃၄၅ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background