Main menu

Background

ရေသွင်းမတ်ပဲများ စတင်ဝင်ရောက်၊ စက်သမားအဝယ်ရှိ

Mon, 12/27/2010 - 07:23 -- Anonymous (not verified)

ရေသွင်းမတ်ပဲများ စတင်ဝင်ရောက်၊ စက်သမားအဝယ်ရှိ          မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲကို ဆောင်းသီးနံှအဖြစ် ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ဧက ၆ သောင်းနီးပါး လျာထားခဲ့ပြီး ဧက ၅ သောင်းခွဲခန့် ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းအစိုက်များဆုံးမြို့နယ်က နေပြည်တော် လယ်ဝေးမြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၄၅ ရာခိုင်နှုန်း စိုက်ပိုျးပါတယ်။ တိုင်းတွင်း စိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီနောက်ဆုံးပတ်လောက်မှ ထွက်ပေါ် မှာဖြစ်ပြီး လတ်တလော ဈေးကွက်ကို ရွှေဘို၊ မုံရွာဒေသများမှာ ရေသွင်း မတ်ပဲ သစ်များ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်ကို ဝင်ရောက် လာတဲ့ မတ်ပဲသစ်များဟာ SQ, FAQ အဆင့်မမီဘဲ အိတ်စပို့ဈေးကွက်တန်း မဝင်လို့ ခွဲစက်သမားများသာ အဝယ်ရှိနေပါတယ်။ ဈေးနှုန်းကလည်း ယခင် တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁ဝဝဝ ကျပ်-၁၁၁၇ ကျပ်ပေါက်ဈေးရှိရာမှ ယခု တစ်ပတ်မှာ ၉၈၃ ကျပ်မှ အမြင့်ဆုံး ၁ဝဝဝ ကျပ်ဈေးနှုန်းထိ နိမ့်ကျလာခဲ့ကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရပါတယ်။                                                         သက်သက်နိုင်