Main menu

Background

အရောင်းအဝယ်အေး မန်းပြောင်းဈေး

Tue, 12/28/2010 - 08:51 -- Anonymous (not verified)

အရောင်းအဝယ်အေး မန်းပြောင်းဈေး                အစေ့ထုတ်ပြောင်း (ပြောင်းဖူးစေ့)အသစ်များ အောက်တိုဘာလ လလယ်လောက်က စပြီး မန္တလေး ဈေးကွက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေပြည်တော်လယ်ဝေး၊ နေပြည်တော်တပ်ကုန်း၊ မြင်းခြံ၊ တောင်သာနယ်တို့မှ ဝင်ရောက်လာပြီး ရှမ်းပြောင်း သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်ခန့်၊ ဗမာပြောင်း ၁၄ဝဝဝ ကျပ်ဝန်းကျင်ဈေးဖြင့် ဝယ်လိုအားရောင်းလိုအား ကောင်းပြီး မူဆယ်ဈေးကွက်ကို တန်ချိန် ၆၃ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ပြောင်းဖူးစေ့ (ရှမ်း) သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်ဝန်းကျင်ဖြင့် မူဆယ်ဈေးကွက်သို့ တန်ချိန် ၇ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ ရှမ်းပြောင်းသုံးတင်းဝင် တစ်အိတ် ၁၅၆ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၈ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၆ ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းခဲ့သော်လည်း ဒီဇင်ဘာ တတိယပတ်တွင် အရောင်းအဝယ်အေးခဲ့ပြီး ရှမ်းပြောင်းတစ်အိတ် ၁၃၈ဝဝ ကျပ်မှ ၁၄ဝဝဝ ကျပ် တစ်ပိဿာ ၂၅၆ ကျပ်ခန့် ဗမာပြောင်း ၁၃၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၅ဝ ကျပ်ဖြင့် တစ်နေ့သုံးတင်းဝင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒေသတွင်းကြက်စာသမားများ၊ အရက်ချက်စက်ရုံများ ၊ လှောင်လက်သမားများမှလည်း ဝယ်ယူမှုရှိကြောင်း သိရပါ တယ်။ မြင့်ခိုင်