Main menu

Background

ရှမ်းချင်းသစ် ဈေးကွက်ဝင်

Tue, 12/28/2010 - 10:43 -- Anonymous (not verified)

ရှမ်းချင်းသစ် ဈေးကွက်ဝင်              ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်တွေမှာ ချင်းအသစ်တွေလည်း တစိမ့်စိမ့်နဲ့ ဝင်လာနေပါပြီ၊ ကလော ဒေသတစ်ဝိုက်ကထွက်တဲ့ ချင်းတွေက ချင်းဈေးကွက်ကို အရင်ဆုံးဝင်ခဲ့ပြီး၊ ဟိုပုံးနမ့်စန်ကထွက်တဲ့ ချင်းစိုတွေကတော့ ဒီဇင်ဘာလလယ်မှသာ ဈေးကွက်ကိုဝင်လာတာဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်၊ တုံဟေးရွာ၊ ပန်းမာရွာစတဲ့ ရွာတွေကနေစပြီး ထွက်လာတာလို့ သိရပါတယ်။ ဒီနှစ် ဟိုပုံးချင်းကလည်း ရာသီဥတုဖောက်ပြန်တာကြောင့် အထွက်နှုန်း နည်းနိုင်တယ်လို့ သိရပါတယ်။ အခက်လှပြီး ကြီးတဲ့ချင်းဈေးက တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။                 ပေါ်ကာစဖြစ်လို့ အထွက်လည်း နည်းနေသေးတော့ လက်လီအဖြစ်သာ ပြန်ရောင်း နေကြပြီး တစ်ပိဿာကို ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ် ဈေးရှိပါတယ်။ နမ့်စန်ချင်း တွေလည်း ၁ လပိုင်းလောက်မှသာ အဝင်လှိုင်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နမ့်စန်ချင်းကလည်း တစ်ပိဿာကို ၄ဝဝ ကျပ်-၄၅ဝ ကျပ်ဈေးပဲ ရှိပါ တယ်။             အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၅၅ဝ ကျပ်- ၆ဝဝ ကျပ်- ၆၅ဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တစ်ရက်ကို ချင်းပိဿာချိန် ၅ဝဝဝ မှ ၁ဝဝဝဝ ခန့်ပုံမှန်ဝင်နေ ပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာစတဲ့မြို့တွေကနေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၁ ဒသမ ၉ သိန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။                                               ဧဧခိုင်