Main menu

Background

နနွင်းအရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ်

Sun, 02/06/2011 - 11:02 -- Anonymous (not verified)

နနွင်းအရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ်                  ဒီတစ်ပတ် ရှမ်းနနွင်းတွေလည်း ဈေးကွက်ကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်နေပါတယ်။ နမ့်စန်မှာတော့ နနွင်းသစ် (ခြောက်) တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်း (စို)က တစ်ပိဿာ ၂၅ဝ ကျပ်ဈေးရှိပါတယ်။ နနွင်း လည်း ချင်းလိုပါပဲ။ ပြည်ပတင်ပို့မှုမရှိသေးပေမဲ့ ပြည်တွင်းဝယ်လက်တွေကသာ ပြည်တွင်းသုံးအတွက် များများဝယ်ချင်ပေမဲ့ နနွင်း ခြောက်ကတော့ ပစ္စည်းနည်းနေပါသေးတယ်။ ယခင်လတွေထက်တော့ အဝင်များလာပြီး မန္တလေးက အများဆုံး ဝယ်ယူ နေတယ်လို့ သိရပါတယ်။                 အောင်ပန်းဈေးကွက်မှာလည်း နနွင်းကို အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေပါတယ်။ အောင်ပန်း ဈေးကွက်ကို အဓိကဝင်နေတဲ့ ဒေသတွေကတော့ ရွာငံ၊ တောင်လပို့ရွာတွေက ဖြစ်ပါတယ်။ အဝင်သိပ်မများ သေးပေမဲ့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ ခန့်သာ ဝင်တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး နနွင်းခြောက်တစ်ပိဿာ ၂၅ဝဝ ကျပ်-၂၇ဝဝ ကျပ်ဈေးရှိပါတယ်။ နတ်မောက်၊ မုံရွာစတဲ့ မြို့တွေက နနွင်းမှုန့် (အစစ်မှုန့်) အဖြစ်အသုံးပြုရန်၊ ပရဆေး ဖော်စပ်ရန်အတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ဝယ်ယူနေလို့ ဆင်တောင်နနွင်းက အရောင်းလိုက်နေပြီး တစ်ပိဿာကို၃၆ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                       ဧဧခိုင်