Main menu

Background

နမ့်ဆန်နနွင်းတွေ ဈေးကွက်ကိုအဝင်များပေမဲ့ ဈေးမာနေ

Tue, 02/15/2011 - 08:49 -- Anonymous (not verified)

နမ့်ဆန်နနွင်းတွေ ဈေးကွက်ကိုအဝင်များပေမဲ့ ဈေးမာနေ              ဒီတစ်ပတ်အတွင်း နနွင်းဈေးလည်း အနည်းငယ်ထပ်တက်လာပါတယ်။ နမ့်ဆန်နနွင်းတွေလည်း ဈေးကွက် ကို အဝင်များနေပါပြီ။ နနွင်း(စို)တွေကို တောက်လျှောက်ပြုတ်ပြီး အခြောက်လုပ်နေတာကြောင့် ဒီကရှေ့ဆိုရင် အဝင် ပိုလှိုင်လာတော့မှာဖြစ်တယ်လို့ နမ့်ဆန်က နနွင်းကုန်သည်တွေကဆိုပါတယ်။ နနွင်း (စို) တွေကတော့ အခြောက်ပြုလုပ်ဖို့ ဝယ်ယူနေလို့ ဈေးကွက်မှာ မရှိသလောက်ဖြစ်နေပါပြီ။ နမ့်ဆန်ဈေးကွက်မှာ နနွင်းခြောက် တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေးရှိပါတယ်။               အောင်ပန်းဈေးကွက်ကိုတော့ ကလောမြို့နယ်ကထွက်တဲ့ ဟဲဟိုးနနွင်း၊ ရွာငံမြို့နယ်၊ မြိုင်ရွာကထွက်တဲ့ မြိုင်နနွင်း ဆိုပြီး (ရိုးရိုး) စတွေဝင်နေပါတယ်။ အဝင်ကတော့ ပုံမှန်ခန့်သာဝင်နေပြီး၊ ရိုးရိုးစလို့ခေါ်တဲ့ နနွင်းခြောက်ကတစ်ပိဿာ ၂၂ဝဝ ကျပ်၊ ၂၃ဝဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ အထွက်လည်း ကောင်း၊ ပစ္စည်းအရည်အသွေး ကလည်း ကောင်းတာကြောင့် ၃၂ဝဝ ကျပ်၊ ၃၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်