Main menu

Background

၂၀၁၁ ခုနှစ် ရွှေ အလားအလာ

Tue, 02/22/2011 - 10:35 -- Anonymous (not verified)

 ၂၀၁၁ ခုနှစ် ရွှေ အလားအလာ           ရွှေနဲ့ပတ်သက်ပြီး သဘောထားက အမျိုးမျိုးကွဲပြားပါတယ်။ အရှေ့အလယ်ပိုင်း၊ အရှေ့ဖျားဒေသ၊ တောင်အမေရိကနဲ့ အမေရိကန်အလယ်ပိုင်းရှိ နိုင်ငံတို့က ရွှေကိုဥစ္စာဓနအတွက် အကာအကွယ်ပစ္စည်းအဖြစ် သဘောထားကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ရွှေကိုဈေးကစားစရာ ကုန်စည် တစ်ခုအဖြစ်သာ သဘောထားကြပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ ကာလမိုျးမှာပင် ရွှေကိုအလေးအနက် မထားတတ်ကြတာကို တွေ့ရပါတယ်။ ဘဏ္ဍာရေးအရ တင်းကျပ်မှု တွေက ရွှေဈေးကို ဆွဲချနိုင်တယ်။ ရွှေ ဈေးက ပူဖောင်းလိုပေါက်ကွဲနိုင်တယ်။ ရွှေလက်ကျန်အခြေအနေကြောင့် ရွှေဈေးတက်နိုင်စရာမရှိဘူး။ ကမ္ဘာ့စီးပွားရေးကနာလန်ထူတဲ့ လမ်းကြောင်းပေါ် ရောက်နေပြီဆိုတဲ့ သဘောထားတွေကြောင့် ရွှေကိုအလေးအမြတ် မထားခဲ့ပါဘူး။              ဒီအခြေအနေမျိုးတွေရှိနေပေမဲ့ ၂ဝ၁ဝ ပြည့်နှစ်က ရွှေအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ရွှေဈေးက ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဆယ်နှစ်မြောက် ဆက်တိုက် မြင့်တက်ခဲ့တာဖြစ်ပါတယ်။   ဒီနှစ်ထဲမှာ ငွေသတ္တုဈေးက ၇၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ငွေကြေးအဖြစ်သုံးစွဲနိုင်တဲ့အခန်းကဏ္ဍကိုနေရာယူနေပြီ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ၊ ကနေဒါ ဒေါ်လာ၊ ယူရို၊ ဗြိတိသျှပေါင် နဲ့ တရုတ်ယွမ်ငွေကြေးတို့ရဲ့ ၁ဝ နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ ကိုကြည့်ရင် ဒီအဓိက ငွေကြေးရဲ့ ရွှေကိုဝယ်ယူနိုင်စွမ်းက ၁ဝ နှစ် အတွင်းမှာ ၇ဝကနေ ၈ဝ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ အမှန် စင်စစ် ရွှေရဲ့ဈေးနှုန်းတက်တာမဟုတ်ပါဘူး။ ငွေတွေရဲ့ တန်ဖိုးကျ တာဖြစ်တဲ့အတွက် ငွေတန်ဖိုးတွေကျနေသမျှ ရွှေရဲ့တန်ဖိုးက မြင့်တက်နေမှာ ဖြစ်ပါတယ်။ ဇယား - ၁                    ရွှေရဲ့တန်ဖိုးက ၂ဝ၁ဝ ခုနှစ်က အတက်ဘက်မှာရှိနေခဲ့သလို ၂ဝ၁၁ ခုနှစ်မှာလည်း ဆက်တက်နိုင်မဲ့ အလား အလာတွေတွေ့ နေရပါတယ်။ ကာလလတ်မှာ ဆက်တက်နေတဲ့ အလားအလာကို ဖြစ်စေနိုင်တဲ့ အဓိကအချက်သုံးချက်ရှိနေတာကို တွေ့ရပါတယ်။ အဲဒီသုံးချက်က- ဗဟိုဘဏ်များက ရွှေဝယ်ယူမှု- ဒေါ်လာကို ဖယ်ခွာလာမှုနဲ့- တရုတ်နိုင်ငံရဲ့ အခြေအနေတွေဖြစ်ပါတယ်။ဗဟိုဘုဘဏ်မ်များက ရွှေဝယ်ယူမူ               ရွှေကိုသုံးစွဲငွေအဖြစ် ဆောင်ရွက်မှု တစ်နည်းပြောရရင် ဗဟိုဘဏ်တွေက ဝယ်ယူမှုနဲ့ ရင်းနှီးမြှုပ်နံှမှုအတွက် ဝယ်ယူမှုက စက်မှု လုပ်ငန်းအတွက် ဝယ်ယူမှုနဲ့ လက်ဝတ်လက်စားအတွက် ဝယ်ယူမှုထက် ၂ဝဝ၉ ခုနှစ်မှာ အနှစ် ၂ဝ အတွင်းပထမဆုံးအကြိမ်အဖြစ် ကျော်လွန်ခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ တရုတ်၊ အီရန်၊ ရုရှားနဲ့ အိန္ဒိယဗဟိုဘဏ်တွေက ရွှေကိုအရန်ငွေအဖြစ်သဘောထားပြီး ထူးထူးကဲကဲဝယ်ယူခဲ့ပါတယ်။             ၂ဝ၁ဝ ပြည့်နှစ် တတိယသုံးလပတ်မှာ ရုရှားဗဟိုဘဏ်ရဲ့ ရွှေလက်ဝယ်ထားရှိမှုက ၇ ရာခိုင်နှုန်းတိုးတက်ပြီး မက်ထရစ်တန် ၇၅၆ တန်ထိရောက်ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်မှာ ရုရှားနိုင်ငံက သူ့ကိုယ်ပိုင်ထုတ်လုပ်တဲ့ ရွှေရဲ့သုံးပုံနှစ်ပုံကို ဝယ်ယူခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်ပထမဆယ်လမှာ ရွှေ မက်ထရစ်တန် ၂ဝ၉ ဒသမ ၇ တန်ကို တရုတ်နိုင်ငံက တင်သွင်းခဲ့တယ်လို့ ဒီဇင်ဘာလက ကြေညာပါတယ်။ ၂ဝဝ၉ နှစ်အလားတူ ကာလကထက် ရာခိုင်နှုန်း ၅ဝဝ မြင့်တက်ခဲ့တာဖြစ်ပြီး ဒီပမာဏက ကမ္ဘာ့ရွှေထုတ်လုပ်လုပ်မှုမှာ ရှေ့ဆောင်နေတဲ့နိုင်ငံတစ်ခုရဲ့ ထုတ်လုပ်မှုထက် သာလွန်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၂ဝ၁ဝပြည့်နှစ်အတွက် ရွှေတင်သွင်းမှုဟာ စီးပွားဖြစ်ကူးသန်းရောင်းဝယ်ရေးအတွက်ရော ပုဂ္ဂလိကအသုံးအတွက်ပါ စုစုပေါင်း ၆၂၄ တန်ရှိပါတယ်။ ယခင်နှစ်ကရှိခဲ့တဲ့ ၅၉၅ တန်ထက် သာလွန်နေတာကိုတွေ့ရပါတယ်။ စတုတ္ထသုံးလပတ် တင်သွင်းတဲ့ အချိန်မှာ တစ်နှစ်လုံးအတွက် တင်သွင်းမှုက တန် ၇၅ဝရှိခဲ့ပါတယ်။ ဇယား - ၂    ဒေါ်လာကိုဖယ်ခွာလာမှု                     ရုရှား၊တရုတ်နဲ့ ပြင်သစ်နိုင်ငံတွေက အာရပ်နိုင်ငံကရေနံကိုဝယ်တဲ့အခါ ဒေါ်လာကိုမသုံးဘဲ တခြားငွေကြေးကို သုံးဖို့ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါ တယ်။ မျှော်လင့်ထားတဲ့အတိုင်း ဗဟိုဘဏ်တွေက ဒီသတင်းမဟုတ် ဘူးလို့ အသည်းအသန်ငြင်းပါတယ်။ ၁၉၇၃ ခုနှစ်ကစပြီး ဒေါ်လာ ဟာ ရေနံအရောင်းအဝယ်ပြုရာမှာ သုံးနိုင်တဲ့ တစ်ခုတည်းသော ငွေကြေးဖြစ်ပါတယ်။ဒီအချက်က အမေရိကန်နိုင်ငံ လည်ပင်းနစ် အောင် ဒေါ်လာ ၁၃ ထရီလီယံ ေြွကးတင်စေတဲ့ တစ်ခုသော အကြောင်းရင်း ဖြစ်ပါတယ်။                 ၂ဝ၁ဝ ပြည့် နိုဝင်ဘာ ၂၄ ရက် နေ့မှာ တရုတ်နဲ့ ရုရှားတို့က ''ဒေါ်လာကနေ လစ်ထွက်'' ပြီး ရေနံအပါအဝင် နှစ်နိုင်ငံအပြန် အလှန် ကုန်သွယ်မှုမှာ သက်ဆိုင်ရာနိုင်ငံနှစ်ခုရဲ့ ငွေကြေးကို သုံးဖို့ သဘောတူခဲ့ပါတယ်။ မော်စကိုကMICEX  မှာတရားဝင်ရောင်းဝယ် ဖောက်ကားတာကို ၂ဝ၁ဝ ပြည့်နှစ် ဒီဇင် ဘာ ၁၅ ရက်မှာ စတင်ခဲ့ပါ တယ်။ တရုတ်နိုင်ငံရဲ့ အနေအထား                     ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၁ ခုနှစ်အလွန် ကာလရွှေဈေးနှုန်းဦးတည်ရာကို နားလည်ချင်ရင် ရွှေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ခံယူချက်ကို နားလည်သဘောပေါက်ဖို့လိုပါမယ်။ရွှေနဲ့ပတ်သက်ပြီး ကွဲပြားတဲ့ခံယူချက်                      အရှေ့နဲ့အနောက်က အလားတူဘဏ်စနစ်ကို သုံးနေတဲ့ အတွက် စီးပွားရေးအခြေခံမူတွေမှာ တူညီတာများပါတယ်။ လုံးဝ ပြတ်ပြတ်သားသားခြားနားတဲ့ နယ်ပယ်တစ်ခုတော့ရှိပါတယ်။ အရှေ့ ကရွှေကို ငွေစက္ကူလိုသဘောထားတဲ့အချက်ပါပဲ။ အနောက်နိုင်ငံတွေက ရွှေကို ကြောက်ပါတယ်။ ရွှေကငွေကြေး ဖန်တီးမှုကို ကန့်သတ်ပေးပါတယ်။ ဘဏ်တွေ ကအနားယူအပန်းဖြေ တာကနေ တရုတ်ကထုတ်လုပ်တဲ့ တယ်လီဗေးရှင်း တွေဝယ်ယူဖို့ အထိ ငွေချေးယူဖို့ အားပေးပါတယ်။ ယေဘုယျအားဖြင့် ပြောရင် အနောက်နိုင်ငံတွေက ရွှေကိုစတော့ ရှယ်ယာတွေ၊ ဘွန်းစာချုပ် တွေလို ရောင်းဝယ်ဖောက်ကားစရာအဖြစ် သဘောထားပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရက ရွှေကို အမြတ်တနိုးထားပါတယ်။ ရွှေသတ္တုတူးဖော်ဖို့နဲ့ ရွှေကိုပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကို ကြည့်ရင်သိနိုင်ပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံက ရွှေအများဆုံး ထုတ်တဲ့နိုင်ငံဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကို ရွှေအဖြစ်စုဆောင်းဖို့ အစိုးရက ခွင့်ပြုထားပါတယ်။ ငွေကြေးဖောင်းပွမှု ဒဏ်ခံရသူတွေ အတွက် ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးအကျပ်အတည်းကို အကာအကွယ်ယူဖို့အတွက် ရွှေက အထိရောက်ဆုံးဖြစ်တယ်ဆိုတာ ပြော စရာမလိုလောက်အောင် ဖြစ်နေပါတယ်။  တရုတ်အမေရိကန်ငွေကြေးပြသနာ                   အမေရိကန်ဗဟိုဘဏ်က ဆောင်ရွက်ခဲ့တဲ့ လှည့်ပတ်ငွေကြေး ပိုမိုလာဖို့ ဆောင်ရွက်တဲ့ ဒေါ်လာ ၆ဝဝ ဘီလီယံ အစီအစဉ်က တရုတ်နိုင်ငံကို ဒေါသဖြစ်စေခဲ့ပါတယ်။ ဒီဆောင်ရွက်မှုက တရုတ် နိုင်ငံရဲ့ လက်ဝယ်မှာထားရှိတဲ့ အမေရိကန်ဘဏ်တိုက် စာခုျပ် ဒေါ်လာ ဘီလီယံ ၈၄ဝ ကိုအခြေယိုင်စေရုံမျှမက ဒေါ်လာနဲ့ ချိတ် ဆက်ထားတဲ့ ယွမ်ငွေကြေးကိုလည်း အခြေယိုင်စေခဲ့ပါတယ်။ ဒါကြောင့်ငွေကြေးဖောင်းပွမှုဖြစ်ပြီး စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့် တက်စေခဲ့ပါတယ်။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက် ဈေးနှုန်း တွေဟာ ၂ဝ၁ဝ ပြည့်က ၂ဝ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပါတယ်။ သို့ဖြစ် ရာ ရွှေဈေးက ဆက်လက်တက်မဲ့သဘောကိုဆောင်နေပါတယ်။ ကမ္ဘာရွှေအတွက် ပြိုင်ဆိုင်မှု                            နောက်ဆုံးသတ္တုချကြည့်ရင် ကမ္ဘာနဲ့ အဝန်းဖြစ်နေတဲ့ ေြွကးမြီထူပြောမှုနဲ့ ငွေကြေးအခြေယိုင်မှုရဲ့ တိုက်ရိုက်အကိုျးဆက်ကြောင့် လူအများစုက ရွှေရဖို့အတွက် ပြိုင်ဆိုင်လာနိုင်ပါတယ်။ ကမ္ဘာမှာ ရေနံထုတ်လုပ်မှုက အစွမ်း ကုန်အဆင့်ရောက်နေသလို ရွှေသတ္တု သိုက်အသစ်တွေ အတွေ့နည်းလာတဲ့အတွက် ရွှေထုတ်လုပ်မှုက လည်း လက်ကုန်နှိုက်ရမဲ့ အခြေအနေရောက်နေပါတယ်။ ရွှေတွင်းရဲ့ အထွက်က ၂ဝဝ၅ ခုနှစ်ကစပြီး ကျဆင်းခဲ့ပါတယ်။ အရန်အတားအဖြစ် ဝယ်လိုအား တိုးမြင့်လာတာနဲ့အမျှ စုစုပေါင်း ဒေါ်လာ ထရီလီယံ ၂ဝဝ ဖိုးရှိတဲ့ ဘဏ္ဍာရေး အက်ဆက် တွေက မြေပေါ်ရှိရွှေတုံး ဒေါ်လာ ၃ ထရီလီယံဖိုးဘက်ကို ပြောင်း ရွှေ့ဖို့ မျက်စောင်းထိုးလာတော့မှာဖြစ်ပါတယ်။ မြေပေါ်ရှိ ရွှေတုံး ဒေါ်လာ ၃ ထရီလီယံဖိုးအနက် တစ်ဝက်က ဗဟိုဘဏ်တွေ လက်ထဲမှာရှိပြီး တစ်ဝက်က ပုဂ္ဂလိကလက်ထဲမှာ ရှိနေပါတယ်။ ပုဂ္ဂလိကပိုင် ရွှေအများစုက လူချမ်းသာ တွေ လက်ထဲရောက်နေပြီ ဖြစ်လို့ ဘယ်ဈေးရရ ရောင်းမည့် လက္ခဏာမရှိအောင် ဖြစ်နေပါတယ်။ ယခုအခါ ဗဟိုဘဏ်တွေက အရောင်းမရှိဝယ်သူတွေ (Net Buyers) ဖြစ်နေပါတယ်။                           နိဂုံးခုျပ်အနေဖြင့်ဆိုပါက ရွှေနဲ့ ငွေသတ္တုဈေးက ၂ဝ၁၁ ခုနှစ် မှာ တက်နေပြီး ၂ဝ၁၁ ကျော်ရင်ပိုတက်မည့် အခြေအနေရှိနေတယ် လို့ ဆိုရပါမယ်။ ၂ဝ၁ဝ ပြည့်နှစ်က ရွှေဈေးက အမြင့်ဆုံးအဖြစ် တစ်အောင်စကို ၁၄ဝ၅ ကျပ်ထိဖြစ်ခဲ့ပြီး ၂ဝ၁၁ ခု အတွက် ရွှေဈေးက ငါးနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများကို ထည့် သွင်း တွက်ချက်မယ်ဆိုရင် ရွှေဈေးက တစ်အောင်စ ဒေါ်လာ ၁၇ဝဝ မှ ဒေါ်လာ ၂ဝဝဝ ထိရှိမယ်လို့ လေ့လာ ဆန်းစစ်သူတို့က ခန့်မှန်း ထားကြကြောင်းပါခင်ဗျား။Source:businessinsider.com