မန်း မန်ကျည်းဈေးကွက် မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်သော ကျောက်ပန်းတောင်းမြို့နယ်မှာ ပြီးခဲ့သောနှစ်က ရာသီဥတုအခြေအနေမကောင်း ခဲ့သဖြင့် ယခုနှစ်မန်ကျည်းအသစ် အထွက်နည်းပြီး ကျောက်ပန်းတောင်း မြို့နယ် တစ်ခုလုံး ပိဿာ ၄ သိန်းခန့်သာထွက်နိုင်ကြောင်း၊ မန်ကျည်းပွဲရုံများမှသိရပါတယ်။ ယခင်နှစ် မန်ကျည်းအဟောင်းမှာလည်း လက်ကျန်နည်းနေပြီဖြစ်လို့ ယခင်နှစ်သီးနံှ သစ်ပေါ်စ အချိန်က မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးသာ ရှိခဲ့သော်လည်း ယခုနှစ် မန်ကျည်းအသစ်ပေါ်ချိန်ဖြစ်ပေမဲ့ ဈေးမကျဘဲ မန်ကျည်း အသား (အစေ့မပါ) ထိပ်စတစ်ပိဿာ ၁၈ဝဝ ကျပ်၊ အလတ်စ ၁၅ဝဝ ကျပ်၊ အောက်စ ၁၂ဝဝ ကျပ်၊ မန်ကျည်းစေ့တစ်ပိဿာ ၂၁ဝ ကျပ် (တစ်တင်း ၄၂ဝဝ ကျပ်) ဈေးဖြစ်ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့သို့ တောင်တွင်းကြီး၊ နတ်မောက်၊ ချောက်၊ လွိုင်ကော်၊ တောင်ကြီးမြို့များမှ တစ်နေ့လျှင် မန်ကျည်းပိဿာ ၈ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပြီး၊ ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့ နေ့စဉ် မန်ကျည်းပိဿာ ၃ဝဝဝ-၄ဝဝဝ ခန့် တင်ပို့လျက်ရှိကြောင်းသိရပါတယ်။မန္တလေး ဈေးကွက်အတွင်း မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာလက်လီဈေး ၂၄ဝဝ ကျပ်၊ ၂၈ဝဝ ကျပ်၊ လက်ကားဈေး ၂ဝဝဝ ကျပ်၊ ၂၂ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။ သင်းးသင်းးအိ
Background