ပရဆေး ကုန်ကြမ်းဈေးကွက် ခိုင်မာယုံကြည်စေရန်လိုအပ် စစ်ကိုင်းတိုင်းဒေသကြီးတွင် စမုံစပါး၊ စမုံညို၊ နံနံစေ့များ စတင်ပေါ်တော့မှာဖြစ်ပြီး၊ တစ်ရာသီလျှင် စမုံစပါးတင်း ၁၅ဝဝဝ ခန့် ရန်ကုန်နဲ့မန္တလေးဈေးကွက်သို့ စီးထွက်မှုရှိပါတယ်။ ယခုအချိန် ပရဆေးဆိုင်များရှိ ဈေးနှုန်းမှာ တစ်ပိဿာလျှင် စမုံစပါး ၁၅ဝဝ ကျပ်၊ စမုံညို ၃၅ဝဝ ကျပ်နဲ့ နံနံစေ့မှာ တစ်တင်းလျှင် ၇ဝဝဝ ကျပ်ခန့် ဖြစ်ပါတယ်။ ဒေသတွင်း အများအပြားထွက်ရှိတဲ့ ပရဆေးကုန်ကြမ်းများအနက် တောထန်းမြစ် တစ်ပိဿာလျှင် ၁ဝဝဝ ကျပ်၊ ဆင်တုံးမနွယ် ၅ဝဝ ကျပ်ဖြစ်ပါတယ်။ ကြောင်ပန်းစေ့နှင့် ဝင်အူမြစ်များကိုလည်း တရုတ်မှ တိုက်ရိုက် ချိတ်ဆက်ဝယ်ယူကြောင်းသိရပါတယ်။ ငရုတ်ကောင်းများ လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဒီဇင်ဘာလက တစ်ပိဿာ လျှင် ၇ဝဝဝ ကျပ်မှ ၅၅ဝဝ ကျပ်သို့ ဈေးကျ သွားပါတယ်။ ပရဆေးကုန်ကြမ်းများကို ကိုရီးယားနိုင်ငံမှ ပုံမှန်ဝယ်ယူ လိုတာကြောင့် ခိုင်မာတဲ့ဈေးကွက်ရှိနေတဲ့ မြန်မာ့ပရဆေး များကို တန်ဖိုးထား ထုတ်လုပ်ရောင်းဝယ်သွားကြရမှာ ဖြစ်ပါတယ်။ ရီလင်းထွဋ်
Background