Main menu

Background

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု လျော့ကျ

Sun, 03/20/2011 - 04:32 -- Anonymous (not verified)

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု လျော့ကျ             ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၅၆ဝဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ ကျော်သာ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲဝင်ရောက်မှုတိုးတက်နေလို့ ပဲဈေးအကျဘက်ဆင်းနေလို့ အိန္ဒိယပဲတင်သွင်းသူများ မြန်မာပဲစင်းငုံဈေးအကျကို စောင့်ဆိုင်းနေကြပါတယ်။ ဒါပေမဲ့ ဈေးနိမ့်တဲ့ ရှမ်းစ၊ ပဲစင်းငုံအဖြူ၊ ဖြူနီကြားတို့ကိုတော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FAQ  တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့ အဖြူ (FAQ)  တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT