Main menu

Background

မန္တလေးမြို့မှ Wet Polishing စနစ်သုံး ကုလားပဲ ဈေးကွက်အတွင်း ရောင်းအားသွက်

Sun, 03/20/2011 - 05:17 -- Anonymous (not verified)

မန္တလေးမြို့မှ Wet Polishing စနစ်သုံး ကုလားပဲ ဈေးကွက်အတွင်း ရောင်းအားသွက်            မန္တလေးမြို့၊ စက်မှုဇုန်အမှတ်-၂ မှာတည်ရှိတဲ့ ငြိမ်းချမ်းရေး ပဲခွဲစက်ဟာ တစ်နာရီကို ၃ဝ ပိဿာဝင် ကုလားပဲအိတ် ၂၆ဝ ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ တစ်ရုံဖြစ်ပြီး၊ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေဟာလည်း ပြည့်စုံကောင်းမွန်တာ ကို တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေကတော့ အကြိုပဲအခွံချွတ်စက် ၂ လုံး (Pre-Husking Unit)  အပြီးသတ် ပဲအခွံချွတ်စက် ၄ လုံး (Final Husking Unit)  ဖုံ၊ သဲ၊ ခဲခွဲခြားစက် (De-Stoner)  ပဲအဆင့်ခွဲဆန်ကာ (Grading Unit) နဲ့ လေစုပ်စနစ် (Absorbing Fan Unit) တို့အပြင် ပဲအရောင်တင်စက် (Wet Polishing Unit) နှစ်လုံးကိုလည်းတီထွင်တပ်ဆင်ထားတာကိုတွေ့ရှိရပါတယ်။           ''ပဲအရောင်တင်စက် (Wet Polishing Unit) ကို ဆန်အရောင်တင်စက် နဲ့ တည်ဆောက်မှု အလုပ်လုပ်ပုံကို အခြေခံပြီး ကိုယ့်စက်ရုံမှာ တီထွင်ထုတ်လုပ် ထားပါတယ်'' လို့ လုပ်ငန်းရှင် ဦးဝင်းထွဋ်အောင်က ဖြေကြားခဲ့ပါတယ်။ ''ဒီလို တီထွင်ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ရိုးရိုးကုလားပဲတွေထက် အရောင် ပိုမို တောက်ပကောင်းမွန်ပြီး ပဲမှုန်ကပ်မှုမရှိလို့ ကြာရှည်သိုလှောင်ထားနိုင်မှု ရှိတဲ့အပြင် သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်'' လို့လည်းသိရပါတယ်။ ပဲအရောင်တင် စက် (Wet Polishing Unit)  ဟာ လေနဲ့ရေကို အခိုျးကျရောနှောပြီး ပဲသွားလမ်းကြောင်းကို ရေဖျန်းစနစ် (Water Spray)  တပ်ဆင်ပြီးPolisher  နဲ့ အရောင် တင်ခြင်းကို လုပ်ဆောင်ထားကြောင်း တွေ့ရှိရပါတယ်။ ထုတ်ကုန်တွေ တန်ဖိုးမြှင့်မှ ဈေးကွက်မှာ ရောင်းအားကောင်းလို့ ဈေးကွက်ခိုင်မာမှုရှိတဲ့အတွက် ပဲခွဲစက်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး သတင်းပေးလိုက်ပါတယ်။ ဇေယျာဆွေ