Main menu

Background

အဝင်နည်းပြီးဈေးငြိမ်တဲ့ အောင်ပန်းချင်းဈေးကွက်

Sun, 03/20/2011 - 09:46 -- Anonymous (not verified)

အဝင်နည်းပြီးဈေးငြိမ်တဲ့ အောင်ပန်းချင်းဈေးကွက်                        ဒီတစ်ပတ် အောင်ပန်းချင်းဈေးကွက်မှာ ချင်းဈေးကငြိမ်နေပါတယ်။ အလှူပွဲ ရာသီရောက်လာတာကြောင့် တောင်သူတွေကလည်း အလုပ်နားနေတယ် လို့ သိရပါတယ်။ ချင်း (စို) တွေကတော့ လက်ကျန်ရှိနေသေးတယ်လို့ သိရပေမဲ့ ဈေးကွက်ကိုတော့ အဝင်နည်းပါသေးတယ်။ ချင်းခြောက်ကလည်း အနည်းငယ်သာ ဝင်နေဆဲလို့သိရ ပါတယ်။ အောင်ပန်းချင်းဈေးကွက်မှာ ချင်း (စို)က အရင်တစ်ပတ် ကလိုပဲ တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ် ဈေးနဲ့သာဈေးငြိမ်နေပါတယ်။ ချင်းခြောက်ဈေးကတော့ အရည်အသွေးပေါ်မူတည်ပြီး ၁၆ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။                  ဟိုပုံးဈေးကွက်မှာတော့ (ချင်းစို)ကအထွက်နည်းပြီး အရည်အသွေးညံ့ တာကြောင့် တစ်ပိဿာကို ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ် ပတ်ချာလည်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ချင်းခြောက်ကလည်း လောလောဆယ်မှာ လက်လီဈေးနဲ့ ဈေးပတ်သမားတွေနဲ့ ပရဆေးဆိုင်ကဝယ်ယူနေတာကြောင့် တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေးရှိ ပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်