Main menu

Background

မြစ်သားပြီးရင် မြင်းခြံဘက်က ဆက်လက်ထွက်ရှိတဲ့ ဆောင်းကြက်သွန်နီ

Sun, 03/20/2011 - 09:48 -- Anonymous (not verified)

မြစ်သားပြီးရင် မြင်းခြံဘက်က ဆက်လက်ထွက်ရှိတဲ့ ဆောင်းကြက်သွန်နီ                      ဆောင်းကြက်သွန်နီဟာ မြစ်သား၊ ကျောက်ဆည်မှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလလောက်က ပထမဆုံး ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ ထွက်တဲ့ မြို့နယ်ကတော့ မြင်းခြံမြို့နယ်ဖြစ်ပါတယ်။ မြင်းခြံမြို့နယ် ကန်ဆင့် ရွာမှာ မတ်လဆန်းက စထွက်ပါတယ်။ အခုဆိုရင် နွားထိုးကြီးဘက်က လက်ဝဲ ရွာနဲ့ တောင်သာမြို့နယ်က ဆင်ဖြူရွာ၊ ကြာပို့ရွာတွေ ကြက်သွန်နီတွေလည်း ဈေးကွက်ထဲကိုရောက်နေပါပြီ။ ညောင်ဦးမြို့နယ် ရွာသာယာအနီးက ကျေးရွာ ၆ ရွာရဲ့ ဆောင်းကြက်သွန်နီတွေလည်း မြင်းခြံဈေးကွက်နဲ့ ပခုက္ကူဈေးကွက်တွေ ကို ရောင်းချတယ်လို့သိရပါတယ်။                     အခုဆောင်းကြက်သွန်နီကို ကန်ဆင့်ရွာက ဧက ၁၃ဝ ကျော်စိုက်ပြီး၊ တစ်ဧက ၄ သိန်းကျော်ကုန်တော့ အထွက်နှုန်းပိဿာ ၃ဝဝဝ မှ ၃၅ဝဝ ထွက်ရင် တစ်ပိဿာ ကုန်ကျစရိတ်ပျမ်းမျှ ၁၄ဝ ကျပ်လောက် ခန့်မှန်းတယ်လို့ တောင်သူ တွေက ပြောပါတယ်။                   အခုရက်အတွင်း မြင်းခြံကုန်စည်ဒိုင်ပေါက်ဈေး ကြက်သွန်နီ (ကြီး) ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်၊ အလတ် ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ အသေး ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ်နဲ့ တစ်ရက်ပျမ်းမျှပိဿာ ၃၅ဝဝဝ-၄ဝဝဝဝ ဝင်ရောက်တယ်လို့ မြင်းခြံ ကုန်စည်ဒိုင်မှသိရပါတယ်။ ကန်ဆင့်ရွာက တောင်သူတွေအနေနဲ့ ပျမ်းမျှ တစ်ပိဿာ ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ် အမြတ်ရကာ တစ်ဧကကို အထွက်နှုန်းပေါ် မူတည်ပြီး ပျမ်းမျှ ၆ သိန်းမှ ၈ သိန်းထိ အကျိုးအမြတ်ရတယ်လို့ ဆိုပါ တယ်။ အရင်နှစ်က ကြက်သွန်နီဈေးကျလို့ တောင်သူတွေ စိုက်ဧကနည်းသွားတယ်လို့ ဆိုပေမယ့် မြေပြင်မှာ တောင်သူတွေက မိရိုးဖလာအတိုင်း ပုံမှန်စိုက်နေတာ တွေ့ရပါတယ်။ စောစောစိုက်တဲ့ တောင်သူတွေအနေနဲ့ လုံ့လ၊ ဝီရိယအကျိုးခံစား ရတယ်လို့ပြောကြပါတယ်။T60