Main menu

Background

ဟိုပုံးနနွင်းဈေးကွက်ဝင်

Sun, 03/20/2011 - 09:51 -- Anonymous (not verified)

ဟိုပုံးနနွင်းဈေးကွက်ဝင်                  ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ နာမည်ကြီးဟိုပုံးနနွင်းလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အဝင်ကတော့ သိပ်မများသေးပါဘူး။ ဟိုပုံးတောင်ဖက်ဒေသနဲ့ နမ့်ခုတ်မြို့နယ်တွေကနေဝင်လာတာဖြစ်ပါတယ်။ ရှမ်းနနွင်းက တောင်စောင်းများမှာ သဘာဝ အတိုင်း စိုက်တာကြောင့် အသားပွပြီး၊ အရောင်နုပါတယ်။ ကျောက်ဆည်နနွင်းက မြေပြန့်မှာ မြေသြဇာ ကျွေးပြီး စနစ်တကျ စိုက်ပိုျးတာကြောင့် အသားကျစ်ပြီး၊ အရောင်ရင့်တယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည်နနွင်းနဲ့ အသွင်သဏ္ဍန်ချင်း တူတာကြောင့် ဝယ်လက်တချို့တွေက ပြန်လည်သန့်စင်ပြီး ကျောက်ဆည်ကို ပို့ဖို့ ဝယ်ယူနေကြပါတယ်။ မူဆယ်ကတစ်ဆင့် တရုတ်ပြည်ကိုပို့ဖို့ ဝယ်လက်တွေလည်း ဆင်းဝယ်နေတာကြောင့် ဈေးကလည်း နဲနဲတက်လာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ နနွင်းစ (ရိုးရိုး) ၁၈ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ရှိပြီး၊ ဆင်တောင် နနွင်းက ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းခြောက်တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်