အိန္ဒိယအစိုးရဝန်ကြီးများအစည်းအဝေးက နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွက် ပဲတန်ချိန် ငါးသိန်း တင်သွင်းခွင့်ပြု အိန္ဒိယအစိုးရဝန်ကြီးများ အစည်းအဝေး (EGoM ) က MMTC လို နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁- ၁၂ ဘဏ္ဍာနှစ်အတွက် ပဲမိုျးစုံတန်ချိန် ၅ သိန်းတင်သွင်းခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ တင်သွင်းပဲများ ပြည်တွင်းဈေးကွက်အတွင်း ပြန်လည်ရောင်းချရာမှာ ဆုံးရှုံးမှုကာမိဖို့ ထောက်ပံ့ငွေ ၁၅ ရာခိုင်နှုန်းကိုတော့ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ ဟာ ပြည်တွင်းဝယ်လိုအား တန်ချိန် ၁၈-၁၉ သန်းရှိပြီး ယခုနှစ် ထုတ်လုပ်မှုတန်ချိန် ၁၆ ဒသမ ၅ သန်းခန့်ရှိလို့ ပဲမိုျးစုံ တင်သွင်းသူသက်သက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ပိုင်STC နဲ့ MMTC လို အေဂျင်စီများကလည်း ပြည်တွင်းရောင်းချမှု တိုးမြင့်ဖို့ ပဲတင်သွင်းနေရပါတယ်။ EGoM ဟာ ပြည်ပက တင်သွင်းပဲများကို ရာရှင်ဆိုင်များကတစ်ဆင့် ရောင်းချရာမှာ တစ်ကီလိုကို ရူပီး ၁ဝ (ကန်ဒေါ်လာ ဝ ဒသမ ၂၂) လျှော့ချပေးတဲ့ အစီအစဉ်ကို စက်တင်ဘာလတိုင်အောင် နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သကြား၊ စားဆီနဲ့ ပဲမျိုးစုံ သိုလှောင်မှု ကန့်သတ်ခြင်းကိုလည်း စက်တင်ဘာလတိုင်အောင် သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ယမင်းခင်၊ှSource: Business standard
Background