Main menu

Background

ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ ဝယ်ယူဖို့ PEC က တင်ဒါခေါ်

Wed, 03/30/2011 - 04:57 -- Anonymous (not verified)

 ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ ဝယ်ယူဖို့  PEC က တင်ဒါခေါ်                  အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်တွေမှာ ရောင်းချဖို့ မတ်ပဲအပါအဝင်ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါကို မတ်လ ၂၄ ရက်မှာ ပိတ်ပြီး တစ်ချိန်ထဲမှာ ဆုံးဖြတ် သွားမယ်လို့ ၎င်းရဲ့ ဝက်ဘ်ဆိုင်မှာ ဖော်ပြထားပါတယ်။ ဝယ်ယူမယ့်ပဲများကတော့ မြန်မာ၊ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျ တို့မှ မတ်ပဲတန် ၄ဝဝဝ၊ ပဲရာဇာ အစိမ်း (green Lentils )  တန် ၄ဝဝဝ နဲ့ ဒေစီကုလားပဲ တန် ၂ဝဝဝ ဖြစ်တယ်လို့ သိရပါတယ်။ မတ်ပဲအနေနဲ့ ယခုရာသီပဲဖြစ်ရမှာဖြစ်ပြီး အခြားပဲများကတော့ ၂ဝ၁ဝ ထွက်ပဲများဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီနဲ့ မေလအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းရွှေစင် Source: Business standard