ငလျင်ကြောင့် ဂျပန်အစားအစာထုတ်လုပ်မှုထိခိုက် ဂျပန်နိုင်ငံရဲ့ အဓိကသီးနံှစိုက်ပျိုးထုတ်လုပ်ရာအရှေ့မြောက်ဒေသဟာ ငလျင် ဘေးသင့်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုအကြီးအကျယ်ရင်ဆိုင်ခဲ့ရကြောင်းနဲ့ ၎င်း ဒေသဟာနိုင်ငံရဲ့ သီးနံှစားသုံးမှုရဲ့ ၃ဝ ရာခိုင်နှုန်းကို ထုတ်လုပ်တဲ့ဒေသဖြစ်ကြောင်း အမေရိကန်သီးနံှကောင်စီ USGC က ပြောကြားခဲ့ပါတယ်။ပျက်စီးသွားတဲ့ဒေသ က အစာထုတ်လုပ်တဲ့စက်ရုံတွေရဲ့ စွမ်းအားကို အခြားဒေသက စက်ရုံတွေရဲ့ ထုတ်လုပ်မှုက ကာမိကြောင်းနဲ့ သဘာဝဘေးဒဏ်ကျရောက်ပြီး နောက်ပိုင်းစက်ရုံတွေ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း USGC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဂျပန်ရဲ့ အစားအစာထုတ်လုပ်မှုစုစုပေါင်းက မက်ထရစ်တန် ၂၅ သန်းရှိပြီး USGC က ငလျင်ကြောင့် သီးနံှကုန်သွယ်ရေးအပေါ်အကျိုးသက်ရောက်မှု တရား ဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်း နေကြောင်းသိရပါတယ်။ စက်လှေများလိုအပ်မှု၊ လမ်းများပျက်စီးမှုနဲ့ လောင်စာဆီပြတ်လတ်မှုတွေ ကြောင့် ရေထွက်ကုန်နဲ့ ကြက်သားထုတ်လုပ်မှုပိုင်းကတော့ လတ်တလောမှာ အခက်တွေ့နေကြောင်း သိရပါတယ်။လယ်သမားများ အတွက် အစားအစာ ရောင်းလိုအားက အကန့်အသတ်ရှိနေပြီး မွေးမြူရေးတိရစ္ဆာန်တွေအတွက်လဲ အစားအစာ လိုအပ်ချက်ရှိတယ်လို့ USGC က ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ်ရဲ့ ပျက်စီးမှုတွေကြောင့် တိရစ္ဆာန်တွေသယ်ဆောင်ဖို့၊ အပင်တွေရဲ့ စိုက်ပိုျးရေးလုပ်ငန်းစဉ်နဲ့ နို့ထွက်ပစ္စည်းတွေအတွက် စွမ်းအားပြည့်မဆောင်ရွက်နိုင် သေးကြောင်း USGC က ဆက်လက်ပြောကြားခဲ့ပါတယ်။ ယခုရက်သတ္တပတ်အစောပိုင်းမှာတော့ သီးနံှသင်္ဘောတွေက ဂျပန်ရဲ့ တောင် ပိုင်းဆိပ်ကမ်းတွေကို အဆက်မပြတ်ဝင်ရောက်နေပြီး မြောက်ပိုင်းဆိပ်ကမ်းထက်စာ ရင် တောင်ပိုင်းက အန္တရာယ်ကင်းကြောင်း USGC ကပြောကြားခဲ့ပါတယ်။ဒါ့အပြင် ဂျပန်က အမေရိကန်ရဲ့ အကြီးဆုံးပြောင်းဈေးကွက်လဲဖြစ်ကြောင်း သတင်းရရှိ ပါတယ်။ KZW ,Source: Commodity online
Background