Main menu

Background

ပြည်ပဲဈေးကွက် အဝင်များသလို အရောင်းသွက်

Sun, 04/03/2011 - 03:58 -- Anonymous (not verified)

ပြည်ပဲဈေးကွက် အဝင်များသလို အရောင်းသွက်                   ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်လစတုတ္တပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၂၃၇ဝဝ ကျပ်ဈေးနဲ့ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ပြည်မြို့အနီးအနားရွာများမှလည်း တစ်နေ့ကို မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ လှောင်လက်သမားနဲ့ ရန်ကုန်ဝယ်လက်တွေ အဝယ်များသော်လည်း မတ်ပဲအဝင်များနေခြင်း၊ ရန်ကုန် ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာကြောင့် တစ်တင်းကို ၂၂၇ဝဝ ကျပ်ထိ ဈေးလျော့ခဲ့တာကိုတွေ့ရပါတယ်။ ပြည်မြို့မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၇ဝဝ ခန့်ရှိတယ်လို့သိရပါတယ်။                                            မိမိအေး