Main menu

Background

လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ တန် ၁ဝဝ ကျော်ပို့

Sun, 04/03/2011 - 05:48 -- Anonymous (not verified)

လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ တန် ၁ဝဝ ကျော်ပို့                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းလွယ်ဂျယ်နယ်စပ်မှ ကန်ဒေါ်လာ ၆၈၆၄ဝ တန်ဖိုးရှိ မြေထောက်ပဲ ၁ဝ၄ တန်ကျော်တစ်ဘက်နိုင်ငံ နယ်စပ်မြို့ လိုင်းရင်းသို့တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လတစ်လလုံး ၂၂၈ တန်တင်ပို့မှုရှိခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တစ်နှစ်လုံး မြေထောက်ပဲ တန် ၅၇ဝ တင်ပို့နိုင်ခဲ့တာမို့ မတ်လ တစ်လထဲတစ်နှစ်လုံး တင်ပို့မှုရဲ့ ၄ဝ ရာခိုင်နှုန်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဧပြီ၊မေ၊ ဇွန်လများမှာ သာတင်ပို့မှုရှိခဲ့ပြီး ကြားကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပဲ ယခုမတ်လမှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၄၆၅ဝဝဝ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ဒေါ်လာ ၆ဝဝ ဝန်းကျင်ပေါက်လျက် ရှိပါတယ်။ MIRT(DOBT)