Main menu

Background

ပြည်ထောပတ်ပဲ ဆက်လက်ဈေးကျနေ

Sun, 04/24/2011 - 05:13 -- Anonymous (not verified)

ပြည်ထောပတ်ပဲ ဆက်လက်ဈေးကျနေ           ပြည်ထောပတ်ပဲမှာ ဧပြီလအစက ပဲသစ်များအဝင်များလာတာကြောင့် တစ်တင်းကို ၂ဝဝဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ သိသိသာသာ ဈေးလျော့နည်းခဲ့တယ်လို့သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ယခင်ရက်များက သြင်္ကန်ရက်များ ဖြစ်နေတဲ့အတွက် အရောင်းအဝယ်အေးနေခြင်း၊ ပဲသစ်များ အဝင်ရှိနေခြင်းများကြောင့် ထောပတ်ပဲဈေးမှာ တစ်တင်းကို ၁၅ဝဝဝ ကျပ်ဈေးသာရှိတော့ကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် လက်လီသမားများမှ အနည်းငယ်သာအဝယ် ရှိကြောင်း သိရပါတယ်။                                                                          ခင်ဆွေဝင်း