ပြည်တွင်းလောင်စာဆီ ဈေးနှုန်းတည်ငြိမ်မှုရှိရေး တရုတ်နိုင်ငံက ထိန်းချုပ်ရန်စီစဉ် ကမ္ဘာ့ပတ်ဝန်းကျင်နိုင်ငံများရဲ့ နိုင်ငံရေးမတည်ငြိမ်မှု ကမောက်ကမဖြစ်ပေါ်နေမှု၊ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသရဲ့ ရေနံအဓိကထွက်ရှိရာနိုင်ငံများ တည်ရှိရာ နယ်မြေများမှာ စစ်ရေးတိုက်ခိုက်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်မှာ ဈေးနှုန်းများ မြင့်တက် လာလျက်ရှိပါတယ်။ သယ်ယူပို့ဆောင်မှုနဲ့ ကုန်ဈေးနှုန်းများကလည်း အဆမတန်တိုးမြှင့်လာပြီး ၎င်းအခြေ အနေကို ထိန်းချုပ် နိုင်ရေးအတွက် နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြောင်းလဲမှုဗဟိုကော်မတီက ဧပြီ ၇ ရက်ကစပြီး ပြည်တွင်း လောင်စာဆီဈေးနှုန်းထား တည်ငြိမ်ရန်နဲ့ ဈေးနှုန်းထိန်းချုပ် လာနိုင်စေရေး ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းဓါတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းများ တစ်တန်ကို ယွမ် ၅ဝဝ နဲ့ ၄ဝဝ တိုးမြှင့်တဲ့အတွက် တစ်လီတာ လက်လီရောင်း ဈေးနှုန်းများကို အောက်ပါအတိုင်း သတ်မှတ်ထား ပါတယ်- ယခု ယခင်အမှတ် ၉ဝ ဓာတ်ဆီ ၇ .ဝ၆ ၆ .၆၉အမှတ် ၉၃ ဓာတ်ဆီ ၇ .၅၉ ၇ .၁၉အမှတ် ၉၇ ဓာတ်ဆီ ၈ .၁၂ ၇ .၇ဝဒီဇယ် ၇ .၃၇ ၇ .ဝ၃ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၄၈ ရာခိုင်နှုန်းတိုး မြှင့်မှုရှိခဲ့ပြီး ပြည်တွင်းလောင်စာဆီမြင့်တက်လာတဲ့ အတွက် ဈေးကွက်ရှိ ကုန်ဈေးနှုန်းများပါ မြင့်တက်တာကြောင့် ကုန်ဈေးနှုန်း ထိန်းသိမ်းစောင့်ရှောက်မှု ဗဟိုဌာန က စီမံချက် (၅) ရပ်ချမှတ်ခဲ့ပါတယ်စီမံချက်တွေကတော့ပြည်သူများ နဲ့ နေ့စဉ်ထိတွေ့နေ ရတဲ့ လမ်းပန်းဆက်သွယ်မှု ဈေးနှုန်းများ မြင့်တက်မလာစေရေး၊ မြို့နယ်ဒေသအာဏာပိုင်အဖွဲ့ သို့မဟုတ် အစိုးရအဖွဲ့ အစိမ်းရောင်လမ်းကြောင်း ဝင်ထွက်မှုအဆင်ပြေ ထိန်းချုပ်နိုင်ရေး၊ စားသုံးကုန်ပစ္စည်းများဖြစ်တဲ့ ဆန်စပါး၊ စားသုံးဆီ၊ အသားငါးများနဲ့ကုန်ဈေးနှုန်းများ တိုးတက်မလာစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်ရေး ဈေးကွက်ပေါ်၌ ကုန်ဈေးနှုန်း သတ်မှတ်ထားမှုအား နည်းပေါင်းစုံနဲ့ ချိုးဖောက်မှုမရှိစေရေး၊ သယ်ယူပို့ဆောင်မှုကဏ္ဍ၌ သတ်မှတ်ထားတဲ့နှုန်းထားများ တိုးမြင့်လာမှုမရှိစေရေးတို့ ဖြစ်ပါတယ်။
Background