Main menu

Background

ပင်လယ်ရေကြောင်း မှန်မှန်တင်ပို့နေ

Sun, 04/24/2011 - 07:51 -- Anonymous (not verified)

ပင်လယ်ရေကြောင်း မှန်မှန်တင်ပို့နေ                ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၁၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာလည်း တန်ချိန် ၄၂ဝ တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကိုRSS -3  ၇၅ တန်၊RSS -5 တန် ၁၄ဝ နဲ့ စင်္ကာပူကို MSR -20  ၂ဝ၁ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့ RSS -3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊ RSS -5 တစ်တန်ကို ၅ဝဝဝ ဒေါ်လာနဲ့MSR -20  တစ်တန်ကို ၅၁ဝဝ ဒေါ်လာအသီးသီးတင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။                                                       KZW