ရာသီဥတုအခြေအနေပေါ်တွင်မူတည်၍ အင်ဒိုနီးရှား၏ ရော်ဘာထုတ်လုပ်မှုမြင့်တက်နိုင် အဓိကရော်ဘာထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ရောင်းလိုအားနဲ့ ဈေးနှုန်း မြင့်တင်မှုတို့ ရောထွေးလျက် ရှိနေပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်းကလဲမြင့်တက်မြဲမြင့်တက်လျက်ရှိနေပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး အင်ဒိုနီးရှားနိုင်ငံက ရော်ဘာကုန်သွယ်ရေးကို ဦးဆောင်နေပြီး ယခုနှစ်မှာ ရာသီဥတုအခြေအနေကောင်းခဲ့ရင် ထုတ်လုပ်မှု ၄ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိကြောင်း အင်ဒိုနီးရှား ရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ ရာသီဥတုအပြောင်းအလဲတွေက ထုတ်လုပ်မှုကို ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ထိခိုက်စေနိုင်ကြောင်း အင်ဒိုနီးရှားရော်ဘာအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ထုတ်လုပ်မှုက ၂ဝ၁၁ မှာ တန်ချိန် ၂ ဒဿမ ၉၇ သန်းရှိတယ်လို့ခန့်မှန်းထားပြီး ၂ဝ၁ဝ မှာ တန်ချိန် ၂ ဒဿမ ၈ သန်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားရဲ့ရော်ဘာထုတ်လုပ်မှုက တစ်နှစ်မှာ တစ်ဟက်တာကို ၈၈ဝ ကီလိုဂရမ်ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထက်လျော့နည်းကာ အိန္ဒိယကတော့ တစ်ဟက်တာကို ၁၅ဝဝ ကီလိုဂရမ်နဲ့ အမြင့်ဆုံး ထုတ်လုပ်သူဖြစ်ကြောင်းသိရပါတယ်။ လာနီညာရာသီဥတု ဖြစ်စဉ်က ယခုနှစ်မှာခြောက်သွေ့ တဲ့ရာသီမှာ တောင်ပုံမှန်မဟုတ်တဲ့ မိုးကြီးမှုကိုဖြစ်စေပြီးကုန်ပစ္စည်း တော်တော်များများရဲ့အထွက်နှုန်းကို ထိခိုက်စေခဲ့ပါတယ်။ ၂ဝ၁၅ မှာ ထုတ်လုပ်မှု ၂ဝ ရာခိုင်နှုန်းကျော် တိုးတက်နိုင်ပြီး တန်ချိန် ၃ ဒဿမ ၆ သန်းထုတ်လုပ်ကာ ပြည်တွင်းနဲ့တရုတ်နိုင်ငံရဲ့ ဝယ်လိုအားတွေမြင့် တက်လာဖွယ်ရှိကြောင်း အင်ဒိုနီးရှားရော်ဘာအသင်း ွGapkindo က ပြောကြားခဲ့ပါတယ်။ ဒေသတွင်း ဈေးကွက်တွေဖြစ်တဲ့ တိုကျိုကုန်စည်ဒိုင်နဲ့ စင်ကာပူကုန်စည်ဒိုင်တို့ရဲ့ဈေးကွက်အခြေအနေပေါ်မှာမူတည်ပြီး ရော်ဘာဈေးနှုန်း အပြောင်းအလဲရှိ နိုင် ကြောင်း သုတေသီများက ခန့်မှန်းထားတယ်လို့သိရပါတယ်။ Source: commodity online,KZW
Background