Main menu

Background

အိန္ဒိယဈေးကွက်မှာ နနွင်းဝင်ရောက်မှုများလာလို့ နနွင်းဈေးကျဆင်း

Sun, 04/24/2011 - 09:54 -- Anonymous (not verified)

အိန္ဒိယဈေးကွက်မှာ နနွင်းဝင်ရောက်မှုများလာလို့ နနွင်းဈေးကျဆင်း            အိန္ဒိယဈေးကွက်တွေအတွင်း နနွင်းအဝင်တိုးလာလို့ ကြိုပွိုင့်ဈေးကျဆင်းခဲ့ သလို လက်ငင်းဈေးလည်း အကျဘက်သွားနေတယ်လို့ သိရပါတယ်။ နေ့စဉ်ဝင်ရောက်မှုအနေနဲ့ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို ၇ဝ ကီလိုပါအိတ် ၈ဝဝဝ နဲ့ ၁၆ဝဝဝ ခန့်အသီးသီးဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ နနွင်းတောင်သူများဟာ တစ်တန် ရူပီး ၁ဝဝဝဝဝ (ကန်ဒေါ်လာ ၂၂၅၇)အထက်ဈေးနဲ့ ရောင်းချလိုတာကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။                   ဒါ့အပြင် နိုင်ငံအခြားဒေသတွေကလည်း ဝယ်လိုအားကျဆင်းတာကြောင့် ဈေးလည်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ အတွင်းနနွင်းထုတ်လုပ်မှုက အိတ် ၆၅ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နနွင်းသစ်ရာသီဝင်ရောက်မှုမြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း လက်ကျန်အလုံအလောက် ရှိနေ တဲ့အတွ့က်လည်း နနွင်းဈေးက အားပျော့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။             NCDEX မှာ ဧပြီလပို့ရမယ့် နနွင်းဈေးက ၃ ဒသမ ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရူပီး ၉၅၂၂ဝ (ကန်ဒေါ်လာ ၂၁၄၉) ဖြစ်ပြီး မေလပို့ရမယ့် နနွင်းဈေးကလည်း ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၈၇၂၄ဝ (ကန်ဒေါ်လာ ၁၉၆၉) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: P T I