Main menu

Background

ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်

Fri, 05/20/2011 - 10:38 -- Anonymous (not verified)

ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်                          ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်နှစ် မန်ကျည်း လက်ကျန်မရှိခြင်း၊ ယခုနှစ်တွင် မန်ကျည်းအသီး နည်းခြင်း ကြောင့် အထွက်နှုန်းနည်းပြီး ယခင်နှစ် ကထက် မန်ကျည်း ဈေးကောင်း ရနေပါတယ်။ ယခုတစ်ပတ်တွင် ကျောက်ပန်း တောင်းမြို့နယ်အတွင်း ထွက်ရှိသော မန်ကျည်းအကြောပါ အလုံး ထိပ်စတစ်ပိဿာ ၁၁ဝဝ ကျပ်၊ အလတ်စ ၁ဝ၅ဝ ကျပ်၊ အောက်စ ၁ဝဝဝ ကျပ်နဲ့ မန်ကျည်းအသားတစ် ပိဿာ ထိပ်စ ၂ဝဝဝ ကျပ်၊ အလတ်စ ၁၉ဝဝ ကျပ်၊ အောက်စ ၁၈ဝဝ ကျပ်တို့ ရှိပါတယ်။ လွိုင်ကော်၊ တောင်ကြီး မြို့များမှ ဝင်ရောက်လျက်ရှိသော မန်ကျည်းအကြောပါ အလုံး တစ်ပိဿာ ၉ဝဝ ကျပ်၊ အလတ်စ ၈ဝဝ ကျပ်ဖြင့် ဝယ်ယူ လျက်ရှိကြောင်း သိရပါတယ်။ လွိုင်ကော်၊ တောင်ကြီးမှ ဝင်ရောက်လာတဲ့ မန်ကျည်းများကို ကျောက်ပန်း တောင်းမှာ အသားထုတ်ပြီး ရောင်းချရာမှာ အသားပါးမှုကြောင့် တစ် ပိဿာ ၁၅ဝဝ ကျပ်ဖြင့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းအောက်စနဲ့ ရောပြီးလည်း ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ မန်ကျည်းအစေ့ တစ် ပိဿာ ၂၅ဝ ကျပ် ရှိပြီး မန်ကျည်းအစေ့ကို ရန်ကုန်မြို့ ဝက်စာစက်ရုံများမှ ဝယ်ယူလျက် ရှိပါတယ်။ မန်ကျည်း အသားကို ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၃ဝဝဝဝ ခန့် တင်ပို့ရောင်းချလျက်ရှိ ကြောင်း မန်ကျည်းပွဲစားတစ်ဦးထံမှ လေ့လာ သိရှိရပါတယ်။ ထားအိဝင်း