Main menu

Background

ယခုတစ်ပတ် ပဲတီစိမ်း တင်ပို့မှု ယခင်ပတ်ထက်အနည်းငယ်လျော့

Sun, 05/22/2011 - 07:30 -- Anonymous (not verified)

ယခုတစ်ပတ် ပဲတီစိမ်း တင်ပို့မှု ယခင်ပတ်ထက်အနည်းငယ်လျော့                 ယခင်သီတင်းပတ်ကပဲတီစိမ်းသင်္ဘောတင်တန်ချိန် ၅ဝဝဝ ရှိခဲ့ပေမဲ့ယခုသီတင်းပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန် ၄၃ဝဝ ခန့်ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ ယူအေအီး၊ UK နဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဗီယက်နမ်ကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၃၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၃၈ဝဝဝ ခန့်ရှိလို့ ယခုဘဏ္ဍာနှစ် ကာလတူမှာ အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။ လာမယ့်သီ တင်းပတ် များမှာတော့ အနည်းငယ်ပိုတင်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                      MIRT- MAPT