Main menu

Background

ပင်လယ်ရေကြောင်းတင်ပို့မှု ထောပတ်ပဲပိုလာပြီး မြေထောက်ပဲလျော့

Sun, 05/22/2011 - 07:46 -- Anonymous (not verified)

ပင်လယ်ရေကြောင်းတင်ပို့မှု ထောပတ်ပဲပိုလာပြီး မြေထောက်ပဲလျော့                     ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေ ထောက်ပဲတန် ၂ဝဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့ဖြစ်ပါတယ်။ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်မှုအနေနဲ့ ယခု တစ်ပတ် (မေလ ၁၃-၂ဝ)အတွင်းမှာ ထောပတ်ပဲ တန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၅ဝဝ ခန့်ရှိပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိ ထောပတ်ပဲတန် ၂၆ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ ပြည်တွင်းဈေး ပြောင်းလဲမှုနည်းပြီး မေလ ၂ဝ ရက် ရန်ကုန် FOB  ဈေးမှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT