Main menu

Background

ပြည်ပအဝယ ် ရက်ခြားရှိတဲ့ ပဲလွန်းဖြူ

Thu, 05/26/2011 - 04:10 -- Anonymous (not verified)

  ပြည်ပအဝယ ် ရက်ခြားရှိတဲ့ ပဲလွန်းဖြူ              ယခင်သီတင်းပတ်က နေ့စဉ် FOB အရောင်းအဝယ်ရှိခဲ့တဲ့ ပဲလွန်းဖြူ ဟာ ယခုတစ်ပတ်မှာ ရက်ခြား ရောင်း ဝယ်မှုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ် အတွင်းမှာ တန် ၂ဝဝဝ ခန့် ပြည်ပ အဝယ်ရှိခဲ့ပါတယ်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူမှုများပြီး ဈေးနှုန်းအနေနဲ့လည်း တည်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ် ဈေးများ အတိုင်း FAQ  တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝနဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိကြောင်း သိရပါတယ်။                 MIRT- MAPT