Main menu

Background

တစ်ပတ်အတွင်း အိန္ဒိယကုလားပဲ ဈေးခိုင်မာ

Thu, 05/26/2011 - 04:40 -- Anonymous (not verified)

တစ်ပတ်အတွင်း အိန္ဒိယကုလားပဲ ဈေးခိုင်မာ                  အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လှောင်လက်များအဝယ်သွက်နေတာ ကြောင့် ယခုတစ်ပတ်အတွင်း ကုလားပဲဈေးခိုင်မာနေပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ဆက်လက်ရိတ်သိမ်းနေဆဲလို့ သိရပါတယ်။ လှောင်လက်များ ဝယ်ယူနေလို့ လတ်တလော ဈေးခိုင်မာနေပေမဲ့ ယခုနှစ် ပဲတန်ချိန် ၇ ဒသမ ၃၈ သန်း ဝန်းကျင်အထိ အထွက်မြင့်တက်မယ့် ခန့်မှန်းချက်တွေအရ ဈေးများများမတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ကာဘူလီကုလားပဲမှအပ အခြားပဲများ ပြည်ပတင်ပို့မှုကို ပိတ်ပင် ထားဆဲဖြစ်လို့လည်း ဈေးမြင့်တက်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ၂ဝ၁၁ ဧပြီလ ၁၅ ရက်နေ့အထိ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၉၆ ဒသမ ၆၈ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၁ဝ သိန်းထက် ၁၃ ဒသမ ၆၁ ရာခိုင်နှုန်းပိုမိုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သြစတြေးလျမှာ စိုက်ပျိုး ရာသီအတွင်း မိုးရွာသွန်းဖွယ်ရှိခြင်းက တင်သွင်းကုလားပဲဈေးမြင့်တက်ဖို့ အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား-၂ နဲ့ ဖော်ပြထားပါတယ်                    ၂-၅-၁၁        ၃-၅-၁၁         ၄-၅-၁၁            ၅-၅-၁၁မွန်ဘိုင်း      ၅ဝ၇-၅၁၃      ၅ဝ၇-၅၁၃     ၅ဝ၅-၅၁ဝ         ၅ဝ၅-၅၁ဝဒေလီ          ၄၉၆-၅ဝ၂      ၅ဝ၂-၅ဝ၇     ၅ဝ၅-၅၁ဝ         ၅ဝ၅-၅၁ဝချန်နိုင်း           ၅၄၁             ၅၄၁              ၅၄၃                ၅၄၇MIRT(MAPT)