မော်ရိုကိုက ပဲမျိုးစုံနဲ့ သံလွင်ဆီ ဝယ်ယူဖို့ အိန္ဒိယစိတ်ဝင်စားနေ အိန္ဒိယနိုင်ငံဟာ မော်ရိုကိုနိုင်ငံက ပဲမျိုးစုံ၊ သံလွင်ဆီနဲ့ ဓာတ်မြေသြဇာများ ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်က မော်ရိုကို ပြည်ပကုန်သွယ်ရေးဝန်ကြီး Abdeltatif Maazous နဲ့ နယူးဒေလီမှာ ဧပြီလ ၂၉ ရက်နေ့က တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မော်ရိုကိုဝန်ကြီးကလည်း အိန္ဒိယက ဂံျုနဲ့ ဆန်ကို လိုချင်နေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ သံတမန်ဆက်ဆံရေးအရ ဂံျုပမာဏ အနည်းငယ်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံက ဆန်နဲ့ ဂံျုထပ်မံဝယ်ယူဖို့ မော်ရိုကိုရဲ့ တောင်းဆိုမှုကို ပြည်ပရေးရာ ဝန်ကြီးဌာနက စဉ်းစားသွားမှာဖြစ်ပြီး ပုဂ္ဂလိကအချင်းချင်း သို့မဟုတ် အစိုးရအချင်းချင်း အစီအစဉ်အရ တင်ပို့သွားမယ် ဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။ ကေဗွီသောမတ်စ်ကလည်း မော်ရိုကိုက သံလွင်ဆီနဲ့ ပဲမျိုးစုံ ထပ်မံတင်သွင်းဖို့လည်း ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၈-ဝ၉ ခုနှစ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline
Background