Main menu

Background

ပင်လယ်ရေကြောင်းက တန် ၃ဝဝဝ ကျော်တင်ပို့နိုင်

Thu, 05/26/2011 - 09:33 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက တန် ၃ဝဝဝ ကျော်တင်ပို့နိုင်                  ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၉၆၅ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၃၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တိုးတက်တယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကိုတန် ၄၆ဝ၊ အင်ဒိုနီးရှားကို ၁၇၅၁ တန်၊ စင်္ကာပူကို ၈၈၁ တန်နဲ့ ဗီယက်နမ်ကို တန် ၅၄ဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။      KZW