Main menu

Background

အဝင်နည်းပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်နီ

Thu, 05/26/2011 - 10:46 -- Anonymous (not verified)

အဝင်နည်းပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်နီ              ပြည်ကြက်သွန်နီဈေးကွက်အတွင်းသို့ အောင်လံဘက်နဲ့ တိုင်းတွင်းဒေသ ဖြစ်သော (ရွှေတောင်၊ ကျီးသဲ၊ ပြည်၊ မှော်ဇာ)စတဲ့ ဒေသတို့မှ ယခင်အပတ်များတွင် တစ်ရက်ကို ၃၅ ပိဿာဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်အတွင်း တစ်ရက်ကို အောင်လံဘက်မှ အိတ် ၅ဝ နှင့် တိုင်းတွင်းဒေသများမှ အိတ် ၁၅ဝ ခန့်ရှိ၍ အဝင်နည်းသွားပါတယ်။ အဝင်နည်းတဲ့အတွက် ဈေးနှုန်းမှာလည်း ယခင် အပတ်ကထက် အနည်းငယ်မြင့်သွားပြီး အရောင်းအဝယ်များလည်း အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ပွဲရုံများရှိ ကြက်သွန်နီဈေးမှာ တစ်ပိဿာကို (ကြီး) ၅ဝဝ ကျပ်၊ (လတ်) ၄ဝဝ ကျပ်၊ (သေး) ၃ဝဝ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါ