ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက်များအတွက် ပြင်ဆင်ဖွယ်ရာများ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ ကြီးမားလာနေတာနဲ့အမျှ ကမ္ဘာ့ စားနပ်ရိက္ခာအကျပ်အတည်း အတွက်စိုးရိမ်ဖွယ်ရာဖြစ်တာ အားလုံး သတိထားမိမှာပါ။ လူ၊ သတ္တဝါတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တခဏအတွင်းမှာ ပျက်စီးဆုံးရှုံးစေနိုင်တဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို ကြိုတင်သိရှိနိုင်ခြင်းဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်သလို ရာသီအပြောင်းအလဲနဲ့ လိုက်လျောညီထွေ လုပ်ကိုင်နိုင်ဖို့ဆိုတာလည်း မိုးလေဝသအခြေအနေကို သိရှိနားလည် နိုင်ဖို့ အရေးပါပါတယ်။ ဒါကြောင့်လည်း မိုးလေဝသ အခြေအနေ တွေကို သိရှိနိုင်ဖို့ ၂ဝ၁၁ ခုနှစ် မေလ ၂၈ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်)မှာ မိုးလေဝသပညာရှင် ဦးထွန်းလွင် ဟောပြောတဲ့ ''မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတုပြောင်းလဲခြင်းနဲ့ ယင်းရဲ့ အကျိုးဆက်များ'' ဟောပြောပွဲကို စာရေးသူတက် ရောက်ခဲ့ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကျင်းပတဲ့ ပထမအကြိမ် ဟောပြောပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သီးနံှရောင်းဝယ် နေတဲ့ ကုန်စည်ဒိုင်၊ ကုန်သည်များအတွက် သီးနံှအထွက်ကောင်းပြီး အရည်အသွေး ကောင်းမွန်ရေးဟာ အရေးပါသလို အဲဒီလိုသီးနံှတွေ ထုတ်လုပ်ဖို့ အဓိကကျတဲ့ မိုးလေဝသဟာ အရေးကြီးတာမို့ အသင်းဝင်တွေ အသိပညာဗဟုသုတတိုးပွားစေဖို့ ဒီဟောပြောပွဲ ကျင်းပခြင်းဖြစ်တယ်လို့ ကုန်စည် ဒိုင်ဥက္ကဌဦးအုန်းဆိုင်က ဆိုပါတယ်။ မိမိ ပြည်တွင်း မိုးလေဝသ နဲ့အတူ လယ်ယာထွက်ကုန်တွေ အဓိကဝယ်ယူနေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ မိုးလေဝသဟာလည်း ကုန်သည်တွေအတွက် အရေး ပါတယ်လို့ ထပ်လောင်း ပြောကြားပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး အနားယူခဲ့တဲ့ မိုးလေဝသ ပညာရှင်ဦးထွန်းလွင်ဟာ လက်ရှိမှာလည်း Myanmar Climate Change Watch ကို ထူထောင်ပြီး ပြည်တွင်းပြည်ပအဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိသလို လူထုမိုးလေဝသဆိုင်ရာ အသိပညာ တိုးပွားဖို့လည်း ဒေသအသီးသီးမှာ ဟောပြောပွဲတွေ ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်အတွင်း တိုင်း/ပြည်နယ် များမှာ ဟောပြောပွဲပေါင်း ၆ဝ ကျော်ရှိပြီဖြစ်ပြီး ကုန်စည်ဒိုင်မှာ ဟောပြောမှုအနေနဲ့ မန္တလေးမှာ ပထမအကြိမ်နဲ့ အခုရန်ကုန်မှာ ဒုတိယအကြိမ် ဟောပြောခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု ကမ္ဘာကြီးပူနွေးလာတဲ့ အကြောင်း ရင်းတွေထဲမှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ နိုင်ငံရဲ့စီးပွားရေး (GDP) တိုး တက်ဖို့ မြေယာတွေ ခုတ်ထွင်ရှင်းလင်းတာတွေ၊ ဒီရေတောတွေမှာ စီးပွားရေး လုပ်ပြီး လူတွေနေထိုင်လာခြင်း၊ ကမ္ဘာမြေက စွမ်းအင်ထုတ်ယူ သုံးစွဲခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်ခြင်းတွေဟာ အဓိကပါဝင်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။ ဒါကြောင့်လည်း ဥရောပမှာ မိုးရွာပြီး အရှေ့အလယ်ပိုင်းမှာ မိုးခေါင်မှုဆိုတဲ့ ရာသီဥတုဖောက်ပြန်မှုတွေ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ အယ်နီညှိ၊လာနီညာဖြစ်စဉ် မြန်ဆန်လာနေ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အနေနဲ့ အယ်နီညိုဆိုတဲ့ ပူနွေးတဲ့ ဖြစ် စဉ်၊ လာနီညာလို့ခေါ်တဲ့ အေးပြီးစွတ်စိုတဲ့ဖြစ်စဉ်၊ Neutral ဆိုတဲ့ ပုံမှန်ဖြစ် စဉ် ၃ မျိုးရှိရာမှာ အရင်က လာနီညာ နဲ့ အယ်နီညို ဖြစ်စဉ်ဟာ ၇ နှစ်မှ တစ် ကြိမ်သာဖြစ်လေ့၊ ပြောင်းလဲလေ့ရှိ တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ ၂ နှစ် တစ်ကြိမ်ကနေ နှစ်စဉ် ပြောင်းလဲမှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ၂ဝဝ၉ ဇူလိုင်ကနေ ၂ဝ၁ဝ မတ်လအထိ အယ်နီညို၊ ၂ဝ၁ဝ မေကနေ ၂ဝ၁ဝ ဇူလိုင် အထိ ပုံမှန်နှစ်ရာသီဖြစ်ပြီး ၂ဝ၁ဝ သြဂုတ်လကနေ ၂ဝ၁၁ အထိ လာနီညာဖြစ်လို့ ၂ဝ၁ဝ မှာ သုံးရောင်ခြယ် ရာသီဥတုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ၂ဝဝ၉-၂ဝ၁ဝ မှာ တစ်နှစ်ရဲ့ အပူဆုံး ရာသီနှစ် ဖြစ်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွင်းမှာ အအေးဆုံး ဖြစ်လာခဲ့ တယ်လို့ ဆိုပါတယ်။ နှစ်စဉ်အပူချိန်မြင့်တက်နေ ၁၉ဝ၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အထိ နှစ်စဉ်အပူချိန်ပြောင်းလဲမှုတွေကို လေ့လာချက်အရ မြန်မာနိုင်ငံမြောက် ဖျားပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသမှအပ ကျန်ဒေသတွေမှာ နှစ်စဉ်အပူချိန် ၁ ဒီဂရီနဲ့ ၂ ဒီဂရီကြားတိုးပြီး မိုးရွာနှုန်း အနေနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ဧရာဝတီမှာ မိုးရွာရက်တိုးပြီး ကချင်ပြည်၊ ရခိုင်မြောက် ပိုင်း၊ မွန်၊ တနင်္သာရီတို့မှာ မိုးရေချိန်တိုးလာသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ညအပူချိန် နှစ်စဉ်တိုးနေတယ်လို့ ဆိုပါတယ်။ မုတ်သုန်အားနည်းမှုဖြစ်လာ အရင်က မုတ်သုန်အဝင်အားကောင်းပေမယ့် ၁၉၇၈ ခုနှစ် နောက်ပိုင်းမှာ မုတ်သုန်အားနည်းပြီး မုတ်သုန် အဝင်နောက်ကျခြင်း၊ မုတ်သုန်ဆုတ်စောခြင်းတို့ကြောင့် မိုးရာသီတိုတောင်းမှုတွေ ဖြစ်လာ တယ်လို့ ဆိုပါတယ်။ ၁၉၇၈-၈၃ ခုနှစ်အတွင်း မုတ်သုန်လေ အလွန်အမင်း ကျဆင်းမှုဖြစ်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်များကစပြီး မုတ်သုန်လေအားပျက် ပျောက်ကွယ်လာကာ မိုးတွင်းကာလမှာ မုတ်သုန်မုန်တိုင်းဖြစ်ပေါ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။ အပူအညွှန်းကိန်းများမြင့်တက်လာပြီး နှစ်စဉ်မိုးရွာသွန်းမှု လျော့နည်း လာကာ သမားရိုးကျ မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်များ ပိုမို ကြုံတွေ့ လာရတယ်လို့ နှစ် ၅ဝ အတွင်း မှတ်တမ်းများအရ ရှင်းလင်းပါတယ်။ မိုးကြိုးနဲ့ မိုးလွန်မှာ မုန်တိုင်းပိုဝင်ရောက် ဒါကြောင့်လည်း ၁၉၇၉ ခုနှစ် နောက်ပိုင်းမှာ မိုးတွင်းကာလ မုန်တိုင်း ဖြစ်ပေါ်မှုလျော့နည်းပြီး မိုးကြိုနဲ့မိုးလွန်ကာလမှာ မုန်တိုင်းများလာတယ်လို့ ဆိုပါ တယ်။ ၁၉၇၇ မှ ၂ဝ၁၁ ထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၁၃ဝ၈ လုံး ဝင်ရောက်တဲ့အနက် မြန်မာနိုင်ငံကို ၈၄ လုံး ဝင်ရောက်တယ်လို့ ဆိုပါတယ်။ မုန်တိုင်း ၈၄ လုံးထဲမှာ ၅၁ ရာခိုင်နှုန်းက ဧပြီနဲ့ မေလမှာ ဝင်ရောက်ပြီးနောက် ၄၆ ရာခိုင်နှုန်းကတော့ အောက်တိုဘာ- နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဝင်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီလို မိုးကြို၊ မိုးလွန်မုန်တိုင်းဖြစ်ခြင်းဟာ မြန်မာနိုင်ငံစိုက်ပျိုးရေး အတွက်ပါ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ မိုးရာသီတိုတောင်းပြီး မိုးကြိုး၊ မိုးလွန်ရှည်လာ ၁၉၇၈ ခုနှစ်မတိုင်မီက မေလ ၁၅ ရက်မှ ဇွန်လကုန်ထိ ၄၅ ရက်အတွင်း မိုးဦး၊ ဇွန်လကုန်ကနေ သြဂုတ်လကုန် ထိ ၆၂ ရက်မှာ မိုးလယ်နဲ့ အောက်တိုဘာလ ၁ဝ ရက်အထိရက် ၄ဝ အတွင်း မိုးနှောင်းဆိုပြီး မိုးရာသီကာလ ၁၄၇ ရက်ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ မုတ်သုန်မဝင်မီ ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်ထိ ရက် ၃ဝ အတွင်း မိုးကြိုနဲ့ အောက်တိုဘာ ၁ဝ ရက်မှ နိုဝင်ဘာလကုန်ထိ ရက် ၅ဝ အတွင်း မိုလွန်ဆိုပြီး ရွာသွန်းခဲ့တယ်လို့ ဆိုပါ တယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာတော့ မေလကုန်မှ ဇွန်လကုန်အထိ မိုးဦး၊သြဂုတ်လကန်ထိ ၆၂ ရက်ကို မိုးလယ်နဲ့ သြဂုတ်လကုန်မှ စက်တင်ဘာလလယ်အထိ မိုးလယ်နဲ့ သြဂုတ်လကုန်မှ စက်တင်ဘာလ လယ် အထိ ၁၅ ရက်ကို မိုးနှောင်းဆိုပြီး မိုးရာသီ(၁ဝ၇) ရက်ကို ကာလ တိုတောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုအနေနဲ့ ဧပြီလ ၁၅ ရက်မှ မေလကုန်အထိ ၄၅ ရက်နဲ့ စက်တင်ဘာလလယ်မှ နိုဝင်ဘာလကုန်အထိ ရက်ပေါင်း ၇၅ ရက်မှာ မိုးလွန်ကာလအဖြစ် မိုးကြိုနဲ့ မွန်လွန်ကာလ ရှည်လျားလာခဲ့တယ်လို့ ဆိုပါတယ်။ မုတ်သုံကာလမှာ လေထု တည်ငြိမ်ပြီး နေရာ အနံှ့အပြား မိုးရက်ဆက် ရွာသွန်းမှုရှိပေမဲ့ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းကျရောက်ခြင်း၊ စိုက်ဆင်း လေပြင်းကျရောက်ခြင်းတို့ မဖြစ်ပေါ်တတ်ဘူးလို့ ဆိုပါတယ်။ မိုးကြိုးပစ်မှုများလာ ဒါပေမဲ့ မိုးကြိုနဲ့ မိုးလွန်ကာလများမှာတော့ တိမ်တောင်များ ဖြစ်ပြီး လေထုမတည်ငြိမ်ခြင်း၊ နေရာကွက်ကျားမိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းကျရောက်ခြင်း၊ စိုက်ဆင်းလေပြင်း ကျရောက်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း အများဆုံးဖြစ်ပေါ်တယ်လို့ ဆိုပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်ဝှမ်းဘေးအန္တရာယ်အများဆုံးဖြစ် ပေါ်တက်တာ အဲဒီကာလ တွေလို့ ဆိုပါတယ်။ ၂ဝဝ၆ ခုနှစ်နောက်ပိုင်း မှာ မိုးကြိုး ပစ်ခံရလို့ သေဆုံးသူ ဦးရေဟာ တစ်ခါတစ်ရံမှာ လူပေါင်းရာကျော် တယ်လို့လဲ ဆိုပါတယ်။ မြန်မာမှာ နှစ်စဉ်မုန်တိုင်းဝင်ရောက် မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက် မှုဟာ ၂ဝဝ၆ ခုနှစ် မေလမှာ မာလာ မုန်တိုင်း၊ ၂ဝဝ၇ မေလမှာ အာကတ်ရှ် ၂ဝဝ၈ မေလမှာ နာဂစ်၊ ၂ဝဝ၉ မေလ မှာ ဘီဂျလီနဲ့ ၂ဝ၁ဝ အောက်တိုဘာ လမှာ ဂီရိတို့ဖြစ်ပြီး ငါးနှစ်ဆက်တိုက် ဝင်ရောက်တဲ့မုန်တိုင်းများမှာ လေးနှစ် ဆက်တိုင်ဟာ မေလအတွင်းမှာ ဝင် ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီမုန် တိုင်းငါးလုံးဟာ ဖြစ်ပေါ်တဲ့အချိန်၊ ရာသီ၊ တည်နေရာ အားလုံး ပုံမှန်အတိုင်းဖြစ်ခဲ့ပေမယ့် နာဂစ်မုန်တိုင်း ကတော့ သွားရာ လမ်းကြောင်း ဖောက်ပြန်ခဲ့တဲ့အတွက် အပြင်းထန်ဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ မြန်မာ့မိုးလေဝသ ခန့်မှန်းချက် ၂ဝ၁၁ အတွက် ခန့်မှန်းချက်များအနေနဲ့ မြန်မာနိုင်ငံမှာ ဇွန်လ အတွက် အချို့ဒေသတွေမှာ ပုံမှန်ဖြစ်ပြီး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီး၊ ကယားစတဲ့ဒေသတွေမှာ ပုံမှန်အထက် ၄ဝ ရာခိုင်နှုန်းခန့် ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မေ၊ ဇွန်၊ ဇူလိုင်လများ အတွက် မြန်မာနိုင်ငံအထက်ပိုင်းမှအပ ကျန်ဒေသတွေမှာ ပုံမှန်အထက်ရွာနိုင် ဖွယ်ရှိပြီး၊ အပူချိန်အနေဖြင့် ၂ဝ၁၁ ဇွန်လအတွက် မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဖြစ်မြဲခန့်၊ အောက်ပိုင်းဒေသတွေမှာ ဖြစ်မြဲအောက် နိမ့်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဇူလိုင်၊ သြဂုတ်လများ အတွက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ အပူချိန်ဖြစ်မြဲ ခန့် ရှိနိုင်ပြီး၊ ကျန်ဒေသတွေမှာ ဖြစ်မြဲအောက်ရှိမယ်လို့ ခန့်မှန်း ပြော ကြားပါတယ်။ ၂ဝ၁၁ အတွက် အိန္ဒိယနဲ့ တရုတ် မိုးလေဝသ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အတွက် မိုးရွာသွန်းမှုအနေနဲ့ ဇွန်လမှာ ပုံမှန်ရွာ သွန်းပြီး၊ ဇူလိုင်၊ သြဂုတ်လများမှာ အိန္ဒိယမြောက်ပိုင်းမှာ မိုးပိုလာနိုင်ပေမယ့် တရုတ်နိုင်ငံမှာတော့ အချို့ဒေသ တွေမှာ မိုးပါးမယ်လို့ ခန့်မှန်းထားပါတယ်။ အပူချိန်အနေနဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ တရုတ်မှာပူပြီး အိန္ဒိယမှာ အပူလျော့နိုင်တယ်လို့ ဆိုပါတယ်။ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ အိန္ဒိယပုံမှန် ဖြစ်နိုင်ပြီး၊ တရုတ်နိုင်ငံမှာ မိုးခေါင် ခြောက်သွေ့မှုဖြစ်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ မိုးလေဝသပညာရှင်များ မွေးထုတ်ဖို့လို ရာသီဥတုပြောင်းလဲခြင်းတွေကို တုန့်ပြန်ရာမှာ ဖောက်ပြန်ပြောင်းလဲမှု လျော့ပါးအောင် ဆောင်ရွက်ဖို့ဆိုတာ နည်းပညာ မြောက်များစွာလိုအပ်လို့ ခက်ခဲတဲ့အတွက် ပြောင်းလဲတဲ့ ရာသီဥတုနဲ့ အညီ လိုက်လျောညီထွေ နေမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုနည်းမယ် လို့ ဦးထွန်းလွင်က အကြံပြုထားပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေ တဲ့ ရာသီဥတုအခြေအနေကို ကြိုတင်သိရှိ နိုင်ဖို့ဆိုတာ မြန်မာနိုင်ငံ မှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေး ဖို့လိုပြီး ပညာရှင်မြောက် မြားစွာ မွေးထုတ်ဖို့နဲ့ ခေတ်မီစက်ကိရိယာများလည်း လိုအပ်နေသေး တယ်လို့လည်း ထောက်ပြပါတယ်။ နာဂစ်မုန်တိုင်း ဖြစ်ပြီးတဲ့ နောက်ပိုင်း ပြည်သူလူထုအတော်များများဟာ မိုးလေဝသကို အလေးထားလာသလို အသိအမြင်လည်း တိုးပွားလာတယ်လို့ ဆိုပါတယ်။ ယခုထက်ပိုမို တိုးတက်သိမြင်ပြီး ရှောင်ကြဉ်သတိ ထားနိုင်ဖို့လည်း ပညာပေးဟောပြောပွဲတွေ၊ ဆောင်းပါးတွေနဲ့ ဆက်လက် အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။ စိုက်ပျိုးထုတ်လုပ်သူတွေ အရောက် လက်ဆင့်ကမ်းသင့် စိုက်ပျိုးရေးအခြေခံတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုပြောင်းလဲမှု မြန်ဆန်နေတဲ့ ကမ္ဘာ့ရာသီဥတုကို အချိန်နဲ့တစ်ပြေးညီသိရှိပြီး ကြိုတင် ကာကွယ်ဖို့ဆိုတာ စိုက်ပျိုးထုတ်လုပ်သူတွေသာမက ဆက်စပ်လုပ် ကိုင်နေတဲ့ အသင်းအဖွဲ့များအနေနဲ့လည်း ကိုယ်တိုင် အသိ ြွကယ်ဝဖို့ အပြင် ဆောင်ရန်ရှောင်ရန်ကို သတင်းအချက်အလက်ဖြန့်ဝေဖို့ အရေးပါလှပါတယ်။ အထူးသဖြင့် ယခုလို မိုးကြို၊ မိုးနှောင်းတွေမှာ ဖြစ်ပွားတတ်တဲ့ သဘာဝဘေး အန္တရာယ်က ကင်းလွတ်စေဖို့ စိုက်ပျိုး ထုတ်လုပ်သူတွေ ကိုယ်တိုင်သိမြင်ဆောင်ရွက်နိုင်ရေး ယခုလို ဟောပြောပွဲများကို တောင်သူတွေရှိရာ မြို့နယ်၊ ကျေးရွာများ အရောက် လက်ဆင့်ကမ်းပေးမယ်ဆိုရင် ကျေးလက်နေပြည်သူများ အတွက် ပိုမိုအကျိုးရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးကာလ၊ ရိတ်သိမ်းချိန်လွန် ကာလတွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတွေ နည်း နိုင်သမျှ နည်းအောင်လည်း မျိုးစေ့၊ ခေတ်မီလယ်ယာ သုံးစက် ပစ္စည်းတွေ၊ အထူးသဖြင့် ရိတ်သိမ်းေြွခလှေ့စက်တွေ၊အခြောက်ခံ စက်တွေ၊ကုန်သယ်ယူတဲ့ထရပ်ကားတွေ ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဝန် ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ ကမ္ဘာ တစ်ဝန်းမှာ ရာသီဥတုပြောင်းလဲမှုတွေအရ စားနပ်ရိက္ခာပြဿနာဟာလည်း တဖြည်းဖြည်းကြီး ထွားလို့လာနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ မိုးလေဝသ ဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်သိရှိပြီး၊ စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်ဖို့ဆိုတာ စိုက်ပိုျးထုတ်လုပ်တဲ့ တောင်သူသာမက ဆက်စပ်လုပ်ကိုင်နေတဲ့ ကုန်သည်၊ အသင်းအဖွဲ့များ နဲ့ သက်ဆိုင်ရာ ဌာနများက Public Private Partnership အရ ပိုမို ပူးပေါင်း ဆောင်ကြရင်ဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုတဲ့ Climate Change စိန်ခေါ်မှုကြီးကို အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းပါ။
Background