Main menu

Background

ရက်ခြားသာ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲစင်းငုံ

Tue, 05/31/2011 - 05:26 -- Anonymous (not verified)

ရက်ခြားသာ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲစင်းငုံ               ပြည်ပဲစင်းငုံမှာ ရန်ကုန်ဝယ်လက်များ အဝယ်လျော့နည်းခဲ့တာကြောင့် ယခုတစ်ပတ်မှာတော့ ဈေးအနည်းငယ်ကျသွားခဲ့ကြောင်း သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ တစ်ရက်ခြား၊ နှစ်ရက်ခြားသာ အရောင်းအဝယ် ဖြစ်ကြောင်းအရောင်းအဝယ်ဖြစ်သည့်ရက်များတွင် အိတ် ၄ဝဝ-၅ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်က ယခုလိုအချိန်တွင် ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ၃၂၇ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ရောင်းအားသွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မှတော့ ယခင်နှစ်လောက် ဈေးကောင်းမရသည့်အပြင် ရောင်းအားမသွက်ဘူးလို့ သိရပါတယ်။                        ဆုမွန်ဆွေ