Main menu

Background

ရော်ဘာဈေးတက်၍ တာယာဈေးလိုက်တက်

Tue, 05/31/2011 - 07:44 -- Anonymous (not verified)

ရော်ဘာဈေးတက်၍ တာယာဈေးလိုက်တက်             နယူးဇီလန်မှာရှိတဲ့ ဘရစ်(ချ်)စတုန်းကုမ္ပဏီက ၎င်းးရဲ့တာယာဈေးနှုန်းများကို ၁၆ ရာခိုင်နှုန်း ဈေးမြှင့်လိုက်ကြောင်း သိရပါ တယ်။ ၎င်းရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တာယာတွေကို ၉ ရာခိုင်နှုန်းနဲ့ အထက် ဈေးမြှင့် မှာ ဖြစ်ပြီး အခြားဆက်စပ်နေတဲ့ တာယာတွေကိုတော့ လာမယ့်လကစပြီး ၁၆ ရာခိုင်နှုန်းဈေးတင်မှာ ဖြစ်ကြောင်း သိရပါတယ်။ စီးပွားရေးလုပ်ငန်းသုံး ကားတာယာနဲ့ ကျွတ်တွေရဲ့ ဈေးနှုန်းကိုတော့ ဇွန်လ ၁ ရက်နေ့ ကစပြီး ၅ ရာခိုင်နှုန်း ဈေးမြှင့်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီလိုဈေးတက်တာဟာ ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး ကုန်ကြမ်း ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ယခုလိုဈေးတင်ရခြင်းဖြစ်ကြောင်း နယူးဇီလန်ရှိ ဘရစ်(ချ်) စတုန်းကုမ္ပဏီ ဒါရိုက်တာကပြောကြားခဲ့ပါတယ်။ တကယ်လို့ ကုန်ကျစရိတ်တွေ မလျှော့ ချဘူးဆိုရင်တော့ ရှေ့ဆက်ပြီး ဈေးတက်အုံးမှာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ ရော်ဘာ ဈေးနှုန်းက မရပ်မနားဆက်တက်နေတဲ့ အပြင် ရေနံဓါတုအခြေခံပစ္စည်းတွေဖြစ်တဲ့ ရော်ဘာတုနဲ့ ကာဗွန်တွေရဲ့ ဈေးနှုန်းလဲ မြင့်တက်နေဆဲဖြစ်ကြောင်း ၎င်းဒါရိုက်တာက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။          Source:Businessday,KZW