ကုန်စည်ဒိုင် သုံးသပ်ချက် မတ်ပဲ (ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်း ဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးဆင်းနေတာရယ်အပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်၊ ဟင်္သာတနဲ့ မန္တလေးမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊မုံရွာ၊ ရေစကြိုနဲ့ ပခုက္ကူမှာ ဈေးမြင့်လ် ာတာ တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့အဆွဲပြန်အေးတာကြောင့် ဘုရင့်နောင်၊မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးကျ နေကြောင်း တွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သမားများ ဝယ်အားပုံမှန် ရှိပေမယ့် ရန်ကုန်အဆွဲပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊မရုံ ွာ ၊ ပခုက္ကူ ၊ မြင်း ခြနံ ဲ့ ရေစကြိုမှာ ဈေးအနည်းငယ်ကျလာ ကြောင်း သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်သမားတွေ ဝယ်အားပုံမှန် ရှိတာကြောင့် မန္တလေး၊ မုံရွာနဲ့ ရေစကြိုမှာ ဈေးအနည်းးငြယ်မင့့်် နေပြီး ပခုက္ကူ၊ အောင်လံနဲ့ မြင်းခြံမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် မူဆယ်မှာ ဈေးအနည်းငယ်ကျနေပြီး တောြင်ကီး ၊ လားရှိုး ၊ မန္တလေး နဲ့ ဟင်္သာတမှာ ဈေးငြိမိမ်နေပြီး မြင်းခြံမှာ ဈေးအနည်းးငယ်မြင့့်် နေကြောင်း တွေ့ရပါတယ်။ နှမ်းဖြူ ကို မြို့ခံဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ ပေမယ့် တရုတ်လိုင်းအေးနေတာကြောင့် မန္တလေး၊ မကွေးနဲ့ မုံရွာ မှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ် အားပါနည်းသွားတာကြောင့် အောင်လံမှာ ဈေးကျနေတာတွေ့ ရပါတယ်။
Background