ပဲလွန်းဖြူ တန် ၈ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ ပုံမှန်တင်ပို့မှုရှိရာ ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၈ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို ကြည့်မယ်ဆိုရင် ပဲလွန်းဖြူ တန်ချိန် ၈ဝဝဝ ခန့်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတန်ချိန် ၆၂ဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် မှာ FOB အရောင်းအဝယ်ဖြစ်မှုမှာ တစ်ပတ်အတွင်း တန် ၅ဝသာရှိလို့ ယခု တစ်ပတ် အရောင်းအဝယ်စာချုပ် ချုပ် ဆိုမှု လျော့နည်းတာတွေ့ရပါတယ်။ မေလ တစ်လလုံးမှာ FOB အရောင်း အဝယ်ဖြစ်မှု တန်ချိန် ၁၈ဝဝ ခန့် ရှိ တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်များ အတိုင်း FAQ တစ်တန်ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT
Background