Main menu

Background

အိန္ဒိယပြည်တွင်း ကုလားပဲဈေးမြင့်တက်ရာမှ ပြန်ငြိမ်လာ

Mon, 06/06/2011 - 06:22 -- Anonymous (not verified)

အိန္ဒိယပြည်တွင်း ကုလားပဲဈေးမြင့်တက်ရာမှ ပြန်ငြိမ်လာ               အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ အဝယ်တက်လာတာကြောင့် ဈေးမြင့်တက်ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာ အဝယ် ပြန်ဆိုင်းလာတဲ့အတွက် ကုလားပဲဈေး ပြန်ငြိမ်လာပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ပဲဝင်ရောက်မှုလျော့ကျလာတဲ့အပြင် လှောင်လက်များမှ ဝယ်ယူစုဆောင်းနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ လာမယ့် သီတင်းပတ်များမှာ ပဲခွဲစက်များနဲ့ လက်လီရောင်းချသူများ ဝယ်လိုအားပြန်လည်ကောင်းမွန်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် လုံလောက်တဲ့ လက်ကျန်သိုလှောင်မှု တွေရှိနေပေမဲ့ ကုလားပဲထုတ်ကုန်များကို ဝယ်လိုအားမြင့်တက်ဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ ပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                         ဒေါ်လာ/တန်                ၂-၆-၁၁           ၁-၆-၁၁       ၃၁-၅-၁၁                 ၃ဝ-၅-၁၁မွန်ဘိုင်း      ၅၁၂                ၅၁၈              ၅ဝ၅                       ၅ဝ၄ဒေလီ      ၅၄ဝ-၅၄၅         ၅၄ဝ-၅၄၆     ၅၃၃-၅၃၉               ၅၂၇-၅၃၂ကန်ပါ         ၅၈၇                ၅၉ဝ               ၅၈၈                     ၅၇၆MIRT(MAPT)