Main menu

Background

နိုင်ငံတကာပြောင်းဈေးနဲ့ မြန်မာ့ပြောင်းအလားအလာ

Fri, 02/05/2010 - 12:53 -- Anonymous (not verified)

    လက်ရှိနိုင်ငံတကာပြောင်း ဈေးတွေအနေနဲ့ ဇန်နဝါရီ ၂၆ ရက်နေ့မှ တရုတ်နိုင်ငံပေါက်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၂၆၁၊ အိန္ဒိယပြောင်းဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၂ဝ၅ နဲ့ ဂျပန်နိုင်ငံမှာတော့ ကန်ဒေါ် လာ ၂၂၈ ဒသမ ၅၁ ဈေးအသီးသီးရှိတာကို တွေ့ရပါတယ်။ လက်ရှိဈေး ကွက်အနေအထားအရ တရုတ်ဈေးကွက် ဝယ်လိုအားဟာ တရိပ်ရိပ်မြင့် တက်နေပါတယ်။ တရုတ်နိုင်ငံ ဟာ ယခုနှစ်မှာ ယခင်နှစ်ကထက် ပြောင်းတန် ချိန် (၈)သန်းနီးပါး အထွက်လျော့ခဲ့တဲ့အတွက် လိုအပ်ချက်မြင့်မားလျက် ရှိပါတယ်။ ဒါ့ကြောင့် တရုတ်ဈေးကွက်ရဲ့ ဝယ်လိုအားဟာ ခိုင်မာနေအုံးမယ်လို့ ခန့်မှန်းကြပါတယ်။    ပုံမှန်လမ်းကြောင်းမှ ဝယ်မှုကတော့  ယခုနှစ်မှာ မြန်မာ့ပြောင်းထက် ဈေးသက်သာတဲ့ အိန္ဒိယပြောင်းတွေကို အစားထိုးဝယ်ယူ ခဲ့တဲ့အတွက် နောက်ထပ်များများ တင်ပို့နိုင်မဲ့ အနေအထားမရှိနိုင်ပေမဲ့၊ ယခုဘဏ္ဍာနှစ်ကုန်မှာ ပြောင်းလက်ကျန်ပမာဏများများစား စားမကျန်နိုင်ဘူးလို့ သုံးသပ် ရပါတယ်။            နေပြည်တော်